Part-8

1.1K 77 6
                                    

Ep.8*ဒဿကျနော်……စင်ဒရဲလားသူမ………*

မာမီ့အလိုဆန္ဒအတိုင်းရွှေမင်းသားတို့ဒေါ်မေထိပ်ထားစီစဉ်ပေးသည့်တိုက်ကိုပြောင်းလာဖြစ်ခဲ့သည်
နဂိုထဲကငွေမှငွေဖြစ်နေသည့်မာမီအခုဘာများပူပန်စရာလိုနေသေးလဲ
သူလိုတိုင်းဒေါ်မေထိပ်ထားကထုတ်ပေးနေသည်လေ
ဒါကလဲရွှေမင်းသားမျက်နှာကြောင့်ဖြစ်သည်
မာမီကတော့လွင့်ချင်တိုင်းလွင့်နေသည့်ရော်ရွက်ဝါအလား
ရွှေမင်းသားမှာတော့အချိန်နှင့်အမျှဒေါ်မေထိပ်ထားစီကနေပြေးထွက်ဖို့သာနည်းလမ်းရှာနေရသည်

"ငါ့ကောင်ငိုင်လှချည်လားကွ
ဘာလဲအိမ်ကြီးအိမ်ကောင်းနဲ့နေရတာဝမ်းနည်းနေတာလား"

"မဟုတ်ပါဘူးကွာမင်းကလဲအလည်လာတယ်ဆိုလဲအသာနေ"

"ဒါနဲ့မင်းမာမီလဲမတွေ့ပါလား"

"ထုံးစံအတိုင်းဖဲဝိုင်းသွားတယ်လေ"

"အင်းမင်းမာမီလဲချွေးမလောင်းကရေလျံတော့လောင်းချင်တိုင်းလောင်းနေယုံပဲ မင်းလဲကံကောင်းတယ်ပြောရမယ်
မင်းမမကြီးကမင်းကိုအသေကြွေတာ"

"သူကြွေပေမဲ့ငါကကြွေလို့မရတာမင်းလဲသိနေတာကိုကွာ"

"လက်ခံလိုက်စမ်းပါငါ့ကောင်ရာ
ဒေါ်မေထိပ်ထားကိုသာရရင်မင်းဒီထက်ကြီးပွားအုံးမှာ
အခုလဲကြည့်လေတိုက်တစ်လုံးကားတစ်စီးငွေဆိုလဲမင်းတို့သားမိစိတ်ကြိုက်သုံးဘာမှကိုလိုလေသေးမရှိတာ
ဒေါ်မေထိပ်ထားဆိုလဲအလတ်ကြီးရှိသေးတယ်
သာမန်မိန်းကလေးတွေနဲ့ယှဉ်ကြည့်အသာကြီးပဲ"

"အဲ့လောက်တောင်ချီးမွမ်းနေရင်မင်းပဲယူပါလားနေမခရာ"

"ငါ့မကြိုက်လို့ပေါ့ငါ့ကြိုက်ရင်ယူပြီးတာကြာပေါ့"

"ငါမင်းကိုတိုင်ပင်စရာရှိတယ်နေမခ"

"ဘာလဲ"

"ရင်နင့်ပန်းကိုသတိထားမိလား"

"ဘာလဲ"

"သူကျောင်းသွားကျောင်းပြန်စီးနေတဲ့ကားတွေလေ
အထည်လဲပဲ"

"အင်းအဲ့ဒါဘာဖြစ်လဲ"

"ပြီးတော့ကွာသူကိုင်တဲ့ဖုန်း Apple"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now