Ep.11*ဒဿကျွန်တော်………စင်ဒရဲလားသူမ………*
ရင်နင့်စကားကမာန်ရင်ကိုပိုပြီးပူလောင်စေသည်
သူမဘာကိုရည်ရွယ်ပြီးပြောလိုက်တာလဲ
ဒါကိုတော့သူမသာအသိဆုံးဖြစ်မည်"ရင်နင့်ကဘာလို့ကိုကိုကြီးအနားမှာမရှိနိုင်တာလဲ
ကိုကိုကြီးနဲ့ပဲအမြဲတမ်းအတူမနေချင်လို့လား""မဟုတ်ပါဘူးကိုကိုကြီးရဲ့
အဲ့လိုသဘောနဲ့ပြောတာမဟုတ်ဘူး
ကိုကိုကြီးကိုအိမ်ထောင်ပြုစေချင်လို့ပါ ကိုကိုကြီးတစ်ယောက်ထဲဖြစ်နေတာမကြည့်ရက်လို့""ကိုကိုကြီးတစ်ယောက်ထဲမှမဟုတ်တာ
ရင်နင့်ရှိတယ် ပြီးတော့မဝင်းလဲရှိတယ် ဒရိုင်ဘာလဲရှိတယ်လေ""ကြည့်ကိုကိုကြီးနော်စကားကိုကပ်ပြောပြီ
တော်ပြီမပြောတော့ဘူး ကိုကိုကြီးအိမ်ထောင်မပြုချင်လဲနေ""ရင်နင့်လဲမပြုရဘူးနော်"မာန်ရည်ရွယ်ချက်များစွာပါသောစကားကိုဆိုလိုက်သည်
"ရင်နင့်ကအပျို ကြီးလုပ်မယ်လို့မပြောဘူးနော်"
"ဒါဆိုယူမှာပေါ့"
"ဒါပေါ့"
"ရင်နင့်နော် ရည်းစားကရှိနေပြီလား"
"အာ…မရှိပါဘူးကိုကိုကြီးကလဲ
စိတ်ချ ကိုကိုကြီးကိုအရင်ရှာပေးပြီးမှရင်နင့်ရည်းစားထားမှာ""ရင်နင့်"
"ရှင်"
"လာမဲ့မွေးနေ့ကရင်နင့်ရဲ့25နှစ်ပြည့်ဆိုအရမ်းကောင်းမယ်သိလား"
"ဟင်ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူးရင်နင့်ကိုမြန်မြန်အသက်ကြီးစေချင်လို့"
"ဟွင့် ကိုကိုကြီးနော်သူအသက်ကြီးတိုင်း
သူများကိုဇွတ်အသက်ကြီးစေချင်နေတာစိတ်ကလဲပုတ်လိုက်တာ""စိတ်ပုတ်တယ်ဆိုလဲပုတ်တယ်ပေါ့ကွာ"
"လက်ကိုလဲဆေးလိမ်းပေးပြီးပြီ ကိုကိုကြီးလဲအိပ်ချင်ရောပေါ့
သွားအိပ်တော့လေ""အမယ်လူကိုဇွတ်နှင်လွှတ်တာလား"
"မဟုတ်ပါဘူး ရင်နင့်ကကိုကိုကြီးအိပ်ချင်နေမှာစိုးလို့ပြောတာ
မအိပ်ချင်ရင်လဲသဘော ရင်နင့်အိပ်တော့မယ်"