Author note

372 10 0
                                    

မင်္ဂလာပါ။
ပေးထားတဲ့ နာမည်လေးအတိုင်းပဲ ကိုယ် မြန်မာနိုင်ငံရဲ့ အလှအပလေးတွေကို ရေးပြချင်ရုံလေးပါပဲ။ မြန်မာနိုင်ငံရဲ့အလှတွေထဲက ချစ်စရာ အချစ်ဇာတ်လမ်းလေးတစ်ခုရောပေါ့။

ကိုယ့်လိုပဲ မြန်မာနိုင်ငံကို တစ်နိုင်ငံလုံးပတ်ပြီး ခရီးသွားလည်ကြည့်ချင်တဲ့သူတွေရှိမယ်ထင်တယ်။
ကိုယ်တစ်နိုင်ငံလုံးက မြို့တိုင်းပြည်နယ်တိုင်းကို ရောက်ဖူးတာမဟုတ်ပါဘူး။
အချို့ ကိုယ်မရောက်ဖူးသေးတဲ့နေရာလေးတွေဆို ပိုကြိုးစားပြီးရေးထားပါတယ်။

တောင်တောင်ရေမြေအလှတွေပါမယ်။ မြို့ပြယဥ်ကျေးမှုရဲ့ မီးရောင်စုံအလှတွေပါမယ်။ မြန်မာပြည်မြောက်ဖျားပိုင်းက အအေးဓာတ်လေးတွေပါနိုင်သလို မြန်မာပြည်တောင်ဖျားပိုင်းက ပင်လယ်လေလေးတွေ သယ်ဆောင်ပေးကြည့်မယ်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသက ပျူငှာဖော်ရွေမှုတွေပါ ထပ်လောင်းလို့ ကိုယ် မင်းတို့နဲ့အတူ မြန်မာပြည်အနှံ့ခရီးထွက်ကြည့်မယ်။

ကိုယ်တို့နဲ့လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဖိတ်ခေါ်ချင်ရုံပါပဲ။

ကိုယ် နောက်တစ်ခေါက် ပြန်ရောက်လာခဲ့ပါပြီ။

စကားမစပ်
ကိုယ် feb1ကတည်းက အမှန်တရားဘက်ကနေ ရပ်တည်လာခဲ့ပါတယ်။ တကယ်လို့ ကိုယ့်စာဖတ်သူတွေထဲမှာ မှားယွင်းနေသူတွေများပါခဲ့ရင် အလင်းဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဦးနှောက်ရှိတဲ့သူတိုင်း လူတိုင်း အခုအခြေအနေမှာ ဘယ်ဘက်ကမှန်ပြီး ဘယ်ဘက်ကမှားနေသလဲဆိုတာ သိကြမှာပါ။
မြှောက်ထားခဲ့ကြတဲ့ လက်သုံးချောင်းဟာ အမှန်တရားအနိုင်မရမချင်း ဘယ်တော့မှ အောက်ပြန်မချကြေး။



ဒါဆို ကိုယ်တို့ မြန်မာပြည်ကို ရသလောက်လည်ပတ်ကြည့်ကြမလား။

အစ- ၈၊ ၆၊ ၂၀၂၁

Beautiful MYANMAR [Book (1)]Where stories live. Discover now