Part 1: ရှမ်းပြည်

237 7 0
                                    

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်။

လေဆိပ်ထဲမှ အထွက် လေအေးများသည် Richard ၏ မျက်နှာသို့ လာရောက်ရိုက်ခတ်၏။ ဟန်ပါပါတပ်ထားသည့် နေကာမျက်မှန်အမည်းအား ချွတ်ကာ ရှုပ်ထွေးနေသည့် မျက်စိရှေ့မှမြင်ကွင်းကို မျက်မှောင်ကြုတ်ကြည့်မိသည်။

မိုးပြာရောင်ရှပ်အင်္ကျီလက်အား နှစ်ပတ်ပြန်ခေါက်တင်ကာ နို့နစ်ရောင်ဒူးအတိဘောင်းဘီ၏ အပြင်ဘက်ထုတ်ဝတ်ထား၍ လွယ်အိတ်လေးတစ်လုံးသာ လွယ်ထားသော လူမျိုးခြားပုံအပြည့်အဝပေါ်လွင်နေသည့်သူ့အား လှည့်ကြည့်သွားကြသူတွေလည်းရှိသည်။

" Mr Richard! ကျွန်တော်က စိုင်းလုံပါ။ တွေ့ရတာဝမ်းသာပါတယ်။ "

ပြုံးတုံးတုံးဖြင့် လာရောက်ကြိုဆိုသည့် စိုင်းလုံသည် Richard ၏ ခပ်တည်တည်မျက်နှာပေးကြောင့် အနည်းငယ် တွန့်သွားရသေးသည်။ သူကြားထားရသည့် သတင်းတွေကလည်း နည်းတာမှမဟုတ်ပဲ။

"တွေ့ရတာဝမ်းသာပါတယ်။ "

တိကျပြတ်သားတဲ့ အင်္ဂလိပ်အသံထွက်နဲ့အတူ လက်ဆွဲနှုတ်ဆက်လာတဲ့ နိုင်ငံခြားသားကြီး၏ ခြောက်ပေငါးလက်မဆိုသည့်အရပ်အောက် အရပ်ရှည်ပါသည်ဟုယူဆလို့ရသည့် စိုင်းလုံ၏ ငါးပေဆယ်လက်မ အရပ်လေးသည် ပို၍ပို၍သေးကျုံ့သွားသလိုပင်။

"Guide လုပ်ပေးမယ့် သူကရော"

"Ar.. သူက .. သူကအခု ကလောမှာပါ ၊ သန်ဘက်ခါမှ ရောက်မယ်လို့ ပြောထားတာမို့ မနက်ဖြန်မှ ရထားနဲ့ လာမှာ"

"ကောင်းပြီ။ ဒါဆို အဲ့ကို အရင်သွားမယ်။ ဒီရန်ကုန်ကို နောက်ဆုံးထားလိုက်မယ်။ ရထားလက်မှတ်ဖြတ်ထားလိုက်ပါ "

"ဗျာ။ ဟုတ် ဟုတ်ကဲ့"

မှာချင်ရာမှာကာ ရှေ့မှ ဦးဆောင်ထွက်သွားသည့် ခြေလှမ်းကျဲကြီးများနောက် စိုင်းလုံအမြန်လိုက်ရပြန်တော့သည်။

_______________________

"အိုး မြေနီလမ်းက အိုး အမြဲစောင့်နေတာ အိုး ခြေသံလေးများ ပြန်ကြား အဝေးက"

ကလင် ကလင်!

"ဟဲ့! အော် ဒီကလေးနှယ်။ စက်ဘီးကို ဆိုင်ကယ်နင်းသလိုနင်းပြန်ပြီ! သတိထားဦး ကြွေရုပ်!"

Beautiful MYANMAR [Book (1)]Dove le storie prendono vita. Scoprilo ora