ရှမ်းပြည်(၅)

28 3 4
                                    

နေရောင်ခြည်နုနုသည် ပြတင်းပေါက်များ၌ကာကွယ်ထားသည့် လှိုက်ကာစများ လေအလွင့်တွင် အိမ်ထဲသို့ ချင်းနင်းဝင်ရောက်လာ၏။ ရစ်ချက်သည် မနက်စာစာပြီးကတည်းက မိုးခွန်နှင့်အတူ စိုင်းလုံအိမ်သို့ အလည်လိုက်သွားခဲ့သည်။ ထို့ကြောင့် အိမ်၌ ခမ်းနောင်နှင့် အမေရယ် အဘွားရယ်သာ ရှိနေ၏။

"အမေ.. အစ်မနုရီလည်းရောက်လာပြီဆိုတော့လေ၊ ဆရာ့ကို ပိုပြီး ကျယ်ကျယ်ဝန်းဝန်းတည်းနိုင်အောင် ဖွားဖွားကြီးတို့အိမ် ထားလိုက်ရမလား။ "

"သား နေရတာအဆင်မပြေလို့လား။ နုရီကိုအမေနဲ့ခေါ်သိပ်လိုက်မယ်လေ"

"မဟုတ်ဘူး၊ သားအဆင်မပြေလို့မဟုတ်ဘူး အမေရဲ့။ သား...ဆရာ့ကို အားနာလို့"

"အိမ်ကကျယ်ပါတယ်သားရယ်။ သားဆရာအနေကျပ်နေမှာစိုးတယ်ဆိုလည်း သားကြီးကဘုရားခန်းအိပ်လို့ရသားပဲ။ တစ်နှစ်ပတ်လုံး ခရီးဝေးသွားရမယ့်ဥစ္စာ ၊ မသွားခင်လေး အမေ့နားနေပါကွယ်"

ထိုအခါမှ ခမ်းနောင် အမေ့အား ပြုံးပြနိုင်၏။
ဘွားစောလှ၏ ကျန်းမာရေးအခြေအနေကြောင့် အဖေ့၏ညီမတစ်ဝမ်းကွဲဖြစ်သူအား အညာမှ လာရောက်ကူညီနေထိုင်ပေးရန် ခေါ်ထားသည်မှာ ကြာခဲ့ပြီ။
ဘွားစောလှ၏ ကျန်းမာရေးအခြေအနေသည်လည်း သိပ်အကောင်းကြီးမဟုတ်သောကြောင့်ပင်။ ထို့အစ်မသည် ကိုစိုင်းလုံတို့ထက် အနည်းငယ်သာ အသက်ပိုကြီးသေးသည်။ ဘွားစောလှ၏ ညီမအထွေးဆုံးက ကလေးရနောက်ကျသောကြောင့်ဟုဆို၏။

ယခု.အစ်မနုရီရောက်လာသောအခါ အရင်ကတည်းက အစ်မနုရီအတွက် စဥ်းစားပေးထားသောအခန်းအား ရှင်းလင်း၍ ပေးလိုက်ရသည်။ ထို့ကြောင့် ဤရက်အနည်းငယ်အတွင်း ရစ်ချက်နှင့်ခမ်းနောင် တစ်ခန်းတည်းမျှသုံးရဦးတော့မည်။

စိုင်းလုံသတိပေးထားသော်လည်း ခမ်းနောင် အနေအစားလေးတော့ အဆင်ပြေစေချင်ပါ၏။ အထူးသဖြင့် မိမိအိမ်၌ တည်းခိုနေစဥ်ကာလအတောအတွင်းတော့ အဆင်ပြေပြေ သက်သက်သာသာဖြင့် နေစေလိုသည်။

"သား ရွှေရုပ်တို့ကို နေ့လည်စာသွားခေါ်ဦးကွယ်။ ဟိုမှာပဲစားနေပြီလား ၊ ဒီပဲပြန်လာမလား။ မင်းလိုက်သွားလို့ ဟိုမှာပဲ စားနေပြီဆိုလည်း တစ်ခေါက်ပြန်လာမနေနဲ့တော့၊ ဖုန်းပဲဆက်လိုက်"

Beautiful MYANMAR [Book (1)]Where stories live. Discover now