ရခိုင်ပြည်(၁)

14 1 3
                                    

စစ်တွေမှ ပြန်မထွက်ခင် နံနက်ခင်းတွင် သူတို့သုံးဦး ဈေးသို့ရောက်ခဲ့ကြသည်။ ကိုရီးယားဆိပ်ကမ်းတွင် ကမ်းကပ်လာကြသော သင်္ဘောများနှင့် ကုန်တင်ကုန်ချလုပ်သားများဖြင့် နံနက်ခင်းသည် စည်းကားလို့နေပြီးခဲ့ပြီ။ ပန်းဈေးတန်း၊ ဟင်းသီးဟင်းရွက်တန်း၊ အသားငါးတန်း၊ ကုန်ခြောက်တန်းများ သီးသန့်ထားသော ဈေးကြီးအတွင်းတွင် ဈေးရောင်းဈေးဝယ်များဖြင့် ညံစီလို့နေခဲ့ပြီ။

ဆိုင်တန်းကလေးများအကြားမှ တစ်စွန်းတစလှမ်းမြင်ရသော ပင်လယ်တွင် သင်္ဘောကြီးငယ်များ သွားလာလျက်ရှိနေသည်ကို ခမ်းနောင်ကြည့်နေမိသည်။

"မုန့်တီသွားသောက်ကြရအောင်"

ငါးခြောက်များများ၊ ငရုတ်ကောင်းမွှေးမွှေးနှင့် ချက်ထားသော ပူစပ်သည့် မုန့်တီသည် နံနက်ခင်းအတွက်တော့ လိုက်ဖက်သည့် မနက်စာပင်ဖြစ်၏။ မိုးတွင်းကာလ၏ နံနက်ခင်းတွင် ချမ်းစိမ့်မှုအား တွန်းထုတ်ပစ်နိုင်သည့် ဒေသစာပင်ဖြစ်၏။

ငရုတ်သီးစိမ်းအနည်းငယ်သာ ထည့်ထားသော်လည်း နားရွက်ဖျားများရဲအောင် စပ်နေပုံရသော ရစ်ချက်အားကြည့်လျက် ခမ်းနောင်ပြုံးမိသည်။

.

"နေ့လည်လောက်မှ မြောက်ဦးကိုဝင်နိုင်မှာ။ အိပ်ပြီးလိုက်လို့တောင်ရတယ်"

"ဘယ်အိပ်မလဲ၊ မရောက်ဖူးတဲ့နေရာဆို အိပ်ချင်ရင်တောင်အိပ်မရဘူး"

ရှေ့ခန်းမှ ရစ်ချက်နှင့်စိုင်းလုံ အပြန်အလှန်ပြောနေကြသည်များအား ကြားနေရသော်လည်း ခမ်းနောင်ပြန်မပြောဖြစ်။ ကျောက်တော်ကို ကျော်လာပြီးသည်အထိ ခမ်းနောင်စကားတိတ်နေသည်။

"ခမ်းနောင်.. အဲ့လောက်စကားမပြောနဲ့လေ၊ မောနေမှာပေါ့"

စိုင်းလုံ အနောက်ခန်းရှိ ခမ်းနောင်အား လှမ်းစလာသည်။ ခမ်းနောင် တစ်ချက်ပဲရယ်ကာ ကားပြတင်းအပြင်ဘက်သို့ ပြန်လှည့်လိုက်သည်။

စိုင်းလုံသည် နောက်ကြည့်မှန်မှတစ်ဆင့်မြင်နေရသော ခမ်းနောင်၏ တည်ငြိမ်နေသည့်မျက်နှာအား ကြည့်ရင်း သက်ပြင်းခိုးချမိသည်။ မိမိဘေးတွင် ထိုင်နေသည့်သူအား ကြည့်မိတော့ နေကာမျက်မှန်အားဟန်ကျကျတပ်ထားသူသည် ဘေးမှန်ကိုကြည့်နေသည်အား တွေ့ရ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now