စစ်ကိုင်း(၁)

17 1 1
                                    

"ဘိုးတော်ဘုရားက တရုတ်ပြည်က လက်ဆောင်ပါးတဲ့ ဗုဒ္ဓစွယ်တော် တစ်ဆူကို ဠာပနာပြီး ကမ္ဘာအကြီးဆုံး ပုထိုးတော်တစ်ဆူ တည်ဆောက်ဖို့ အကြံအစည်နဲ့ ဒီမင်းကွန်းပုထိုးတော်ကြီးကိုတည်ဆောက်ခဲ့တာ။"

မြစ်ရေပြင်ကို ဖြတ်ပြေးလာသော လေပြေများသည် သူတို့၏ အင်္ကျီစများအား လှုပ်ရှားရုန်းခတ်သွားစေပြီးနောက် မြောက်ဘက်အရပ်သို့ ဆက်လက်ပြေးထွက်သွားသည်။
ရစ်ချက်သည် လည်ပင်း၌ချိတ်ဆွဲထားသော ကင်မရာအား မ,ယူကာ မင်းကွန်းပုထိုးတော်ကြီးဆီ ချိန်ရွယ်လိုက်သည်။ တထီးမားမား တည်ရှိနေသော ပုထိုးတော်ကြီးမှာ အကောင်းပကတိအပြည့်အစုံရှိနေခြင်းတော့မဟုတ်ပေ။ တစ်ဝက်တစ်ပျက်ရပ်ထားခဲ့ရသည့်အပြင် အချိန်၏တိုက်စားမှုနှင့် ငလျင်ဒဏ်တို့ကြောင့် အပျက်အစီးရာများ၊ အက်ကွဲကြောင်းများတော့ ရှိနေပါ၏။

" သူ့ရဲ့ ဘုန်းတန်ခိုးအာနုဘော် ဘယ်လောက်မြင့်မားကြောင်း ပြချင်တာကြောင့် ရွှေဘိုကနေတောင် မြင်ရစေမယ်ဆိုပြီး တည်ဆောက်ခဲ့တာ"

နေရှိန်ကြောင့် သူတို့၏ မျက်မှောင်များ တွန့်ကျုတ်ထားကြရသည်။ ဘေးနားမှ ဖြတ်သွားသော ထိုင်းခရီးသွားအဖွဲ့မှ ထိုင်းသံဆာဆာများ တိုးပျောက်သွားမှသာ ခမ်းနောင်၏အသံ ဆက်၍ထွက်ပေါ်လာသည်။

"ပုထိုးတော်ကြီးကို တည်ဆောက်နေတုန်းမှာပဲ တဘောင်တစ်ခုပေါ်လာတယ်။"

"တဘောင်ဆိုတာက"

ရစ်ချက်သည် ပုထိုးတော်ကြီးအား မော့ကြည့်နေရင်းမှပင် ဘေးရှိခမ်းနောင်အား မေး၏။

"တဘောင်ဆိုတာက ရှေဖြစ်ဟောလိုမျိုးပဲဆရာ။ ဗေဒင်ကျမ်းဂန်တတ်သူတွေ၊ ပညာရှိတွေက နောင်မှာ ဒါတွေဖြစ်လိမ့်မယ်ဆိုပြီး ဟောကိန်းထုတ်တဲ့ပုံမျိုးပေါ့"

"တကယ်ရော ဖြစ်လား"

"ဖြစ်တဲ့ဟာတွေကတော့ဖြစ်ပါတယ်။ တိုက်ဆိုင်တာတို့ဘာတို့လည်းဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ဟောကိန်းကမှန်နေတာလည်းဖြစ်နိုင်တာပဲလေ။ ကျွန်တော်တို့ နိုင်ငံကလူတွေကတော့ ယုံကြတယ်။ ဟိုးခေတ်ကဘုရင်တွေဆို ပိုတောင်ယုံကြသေး"

Beautiful MYANMAR [Book (1)]Where stories live. Discover now