Part 2: ကချင်ပြည်

26 3 3
                                    

နံနက်ခင်း၏နေရောင်ခြည်သည် မှန်ပြတင်းများမှတဆင့် အခန်းတွင်းသို့ ဝင်ရောက်ဖြာကျနေ၏။
Mordenအပြင်အဆင်ဖြင့် သေသပ်ခမ်းနားသော အခန်းကျယ်၏ အလည်တွင် နေရာချထားသည့် ဇိမ်ခံဆိုဖာခုံများအနက်မှ တစ်ခုံတွင် အမျိုးသမီးတစ်ဦးထိုင်နေသည်။ ထိုအမျိုးသမီး၏ ရွှေရောင်ဆံပင်လိမ်ခွေများသည် နေရောင်အောက်တွင် တောက်လက်နေကြ၏။
သူ(မ)သည် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခု၏ CEOဖြစ်ကာ နာမည်ရရုပ်ရှင်သရုပ်ဆောင် Richard Ericson ၏ အမျိုးသမီးလည်းဖြစ်သည့် Mrs. Eliana Clarke ပင်ဖြစ်သည်။

အယ်လီသည် အရှေ့စားပွဲပေါ်ရှိ အလုပ်ဖိုင်များအား စစ်ဆေးကြည့်ရှုနေရာမှ အသံမြည်လာသော ဖုန်းဆီသို့ လက်လှမ်းလိုက်၏။

"ဟယ်လို"

"ကျွန်တော် ပုံတွေပို့လိုက်ပါပြီ၊ "

"ကောင်းပြီ၊ ကျွန်မကြည့်လိုက်မယ်"

ဖုန်းအားပြန်ချကာ Laptop ဆီသို့ အာရုံပြန်ပို့လိုက်သည်။ သူလွှတ်ထားသော လူယုံထံမှ ရောက်ရှိနေသော mailအား ဖွင့်ကြည့်လိုက်သည်။

သူမြင်နေရသော ပုံများထဲမှ အမျိုးသားသည် သူရင်းနှီးသိကျွမ်းဖူးသော ရစ်ချက်မှ ဟုတ်ပါလေစဟု သူတွေးမိလာ၏။
အကြောအချဥ်များပင် သေနေသလားဟု မှတ်ထင်ခဲ့ရသော ရှုတည်တည်မျက်နှာထက်တွင် ပြုံးယောင်သန်းသောနှုတ်ခမ်းပါးများအား ပြောင်းလဲချိတ်ဆွဲထား၍ ငွေပြာရောင်မျက်ဝန်းများသည် ပြုံးရယ်နေကြလေ၏။

သူသည် ပုံများအား တစ်ပုံချင်းကြည့်လာရင်းမှ နောက်ဆုံးပုံသို့အရောက်တွင် တစ်ချက်ငြိမ်ကျသွားလေ၏။
သူမြင်နေရသော ထိုပုံထဲတွင် အမျိုးသားသုံးယောက်ရှိနေသည်။
အရပ်ရှည်၍ ကိုယ်ခန္ဓာသွယ်သော အမျိုးသားသည် အရှေ့မှဦးဆောင်၍ သွားနေကာ ထိုသူ၏အနောက်တွင်တော့ ရစ်ချက်နှင့်ကောင်လေးတစ်ဦး ယှဥ်တွဲလိုက်ပါလာပုံဖြစ်သည်။
ထိုကဲ့သို့ မထူးဆန်းသောပုံလေးတွင် သူ့အား ခေတ္တငြိမ်သက်သွားစေသည့် အချက်တစ်ချက်သာရှိ၏။
ဘေးမှ စကားပြောနေပုံရသည့်ကောင်လေးအား စောင်းငဲ့ငေးကြည့်နေသည့် ရစ်ချက်၏ မျက်ဝန်းများတွင် ပျော်ရွှင်ကြည်နူးရိပ်များဖြင့် ပြည်လျှံနေခြင်းပင်ဖြစ်သည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now