ကချင်ပြည်(၁)

27 3 3
                                    

ရင်ထဲ ထည့်ထားမိတယ်ဆိုတဲ့ နေရာမှာပဲ ရပ်တန့်ပစ်လိုက်သင့်တဲ့ ခံစားချက်တွေဖြစ်တယ်။

______

နေခြည်သာသော နွေနှောင်းရက်တစ်ရက်တွင် ဘုရားကျောင်းရှေ့၊ စိန်ပန်းပင်ကြီးအောက်ရှိ ခုံတန်းရှည်ကလေးတွင် မိုးခွန် ထိုင်နေခဲ့သည်။ သူလက်၌ ဖုန်းအား ဆုပ်ကိုင်ထားကာ မြေပြင်ပေါ်ချထားသည့် ခြေထောက်များအား မတည်ငြိမ်နိုင်စွာ လှုပ်နေ၏။ ထိုအခိုက်တွင် သူ၏လက်အတွင်းရှိ ဖုန်းမှ ဖုန်းမြည်သံထွက်ပေါ်လာသဖြင့် သူတစ်ချက် ထိတ်ခနဲဖြစ်သွားရသည်။
ဖုန်းအား ကြည့်မိသောအခါ ဖုန်းမျက်နှာပြင်ပေါ်ရှိ နာမည်တစ်ခုသည် သူ့နှုတ်ခမ်းများအား ကော့ညွတ်တက်သွားစေလေသည်။"

"ဟယ်လို၊ နောင့်စိုင်း"

"ခွန်ငယ်..၊ ချက်ချင်းကိုင်တယ်ဆိုတော့ စာမလုပ်ပဲ ဂိမ်းဆော့နေတာလား"

"မဟုတ်ပါဘူး၊နောင့်စိုင်းရဲ့။ ကျွန်တော် ဘုရားကျောင်းရောက်နေတာ"

"ဘုရားကျောင်း..။ ဒီနေ့ ဘုရားကျောင်းတက်ရမယ့်နေ့ဟုတ်လို့လား"

"မဟုတ်ပါဘူး.. ဒီတိုင်း.."

"ထားပါတော့။ ကိုယ်တို့ ဖုန်ကန်ရာဇီတက်ကြတော့မယ်လို့ လှမ်းပြောတာ။ တော်သေးတာပေါ့၊ ဖုန်းကိုင်လို့"

"ဟင်.. ဘာဖြစ်လို့လဲ"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းကိုမပြောပဲထွက်သွားမိလို့ဆိုပြီး တစ်လျှောက်လုံး ကိုယ့်ဖုန်းတွေကိုမကိုင်ခဲ့ဘူးမလား။ "

တက်ကြွလန်းဆန်းနေသည့် အသံလွင်လွင်နောက်တွင် ရယ်သံရိပ်ရိပ်ကလေးကပ်ပါလာ၏။ မိုးခွန် လိုက်ပြုံးမိသည်။

"အဲ့တာကတော့ဗျာ..."

"စာတွေလုပ်နော်၊ခွန်ငယ်။ ကျောင်းတွေဖွင့်ဖို့ကမလိုတော့ဘူးမလား။.အဒေါ်နဲ့အဖွားကိုလည်းဂရုစိုက်ဦး၊ မင်းအစ်ကို၊ကြွေရုပ်ကအဲ့တာပဲစိတ်ပူနေတာ"

"မပူဖို့ပြောလိုက်၊နောင့်စိုင်း။ ကျွန်တော်က အားကိုးရတဲ့ သားလိမ္မာလေးပါ။ "

မိုးခွန်သည် လက်သီးလက်မောင်းများပင် ထတန်းတော့မတတ် အားကြိုးမာန်တက်ပြောလိုက်သောအခါ တစ်ဖက်မှရယ်သံကလေးထွက်လာ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now