Part 3: စစ်ကိုင်း

18 1 1
                                    

"ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ... တဲ့။
နာမည်ငါးခုနဲ့ ရွှေဘိုမြို့ပေါ့ဆရာ"

မူလက မုဆိုးဘိုရွာလေးအဖြစ်သာ တည်ရှိခဲ့သော်လည်း ရွာသူကြီး ဦးအောင်ဇေယျသည် အလောင်းဘုရားဘွဲ့ဖြင့် ရွှေဘိုမြို့အား မင်းနေပြည်တော်အဖြစ် မြန်မာသက္ကရာဇ် ၁၁၁၅တွင်တည်ထောင်ခဲ့သည်။ အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင်ရှိ ရွာ၄၆ရွာအား စုစည်းကာထန်းလုံခံတပ်အား တည်ဆောက်၍ ဟံသာဝတီကိုတွန်းလှန်ပြီးနောက် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့လေသည်။

ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်းကောင်း၊ မြို့အနီးရှိ ကုန်းဘောင်တောင်အား အစွဲပြု၍ ကုန်းဘောင်ဟူ၍လည်းကောင်း၊ လောကီလောကုတ္တရာရတနာများစုဝေးရာ ဦးစွန်းကဲ့သို့ ဖြစ်သောကြောင့် ရတနာသိင်္ခဟုလည်းကောင်း၊ မုဆိုးဘို၌မုဆိုးအားဖြုတ်ကာ ရွှေတပ်၍ ရွှေဘိုဟူ၍လည်းကောင်း ခေါ်တွင်ကြသည်ဆို၏။

ထိုသမိုင်းကြောင်းများအား ခမ်းနောင်ပြောပြနေချိန်တွင် ရစ်ချက်သည် ဘေး၌ငြိမ်၍နားထောင်နေလေ၏။ အလောင်းမင်းတရား၏ အရိုးပြဿာဒ်ဆောင်နား ရပ်၍စကားပြောနေကြခြင်းဖြစ်သည်။ စိုင်းလုံသည်လည်း ဘေးတွင်ရှိနေပါ၏။

"အလောင်းမင်းတရားကြီး နတ်ရွာစံပြီးတဲ့နောက် ကုန်းဘောင်မင်းအဆက်ဆက်က စစ်ကိုင်း၊အင်းဝ၊အမရပူရ၊မန္တလေး ဒီလိုမြို့တွေကို ရွှေ့ပြောင်းနန်းတည်ခဲ့ကြပေမယ့်
ရွှေဘိုမြို့ကြီးကတော့ မတိမ်ကောသွားဘူး၊ ဆရာရဲ့။ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တွေ ဝင်သိမ်းတုန်းကတောင် ရွှေဘိုမြို့တစ်ဝိုက်က သူ့ကျွန်မခံလိုစိတ်တွေ တအားပြင်းထန်နေလို့ နှိမ်နင်းရအခက်ဆုံးပဲတဲ့။"

"ခမ်းနောင်.."

"ဗျ"

ရုတ်တရပ် နာမည်ခေါ်လာသောသူကြောင့် ခမ်းနောင်လှည့်ကြည့်လိုက်ရသည်။

"အဲ့ဒီ့ခေတ်မှာသာ ငါတို့လူဖြစ်ခဲ့ရင် မင်းနဲ့ငါက ရန်သူတွေတောင်ဖြစ်နေနိုင်တယ်နော်"

Beautiful MYANMAR [Book (1)]Where stories live. Discover now