Part 9

2K 210 2
                                    

Unicode version

"ဖေဖေ။
ဦးလေးကို ဒီအတိုင်းလွတ်ထားလို့မရဘူးထင်တယ်"

ဦးနိုင်လူ။ မနက်ခင်း သတင်းစာဖတ်ပြီး ကော်ဖီသောက်နေသည်။ အနားကသားဖြစ်သူလာရောက်ပြောလိုက်သည့်အတွက်။မော့ကြည့်လာသည်။

"ဘာဖြစ်လို့လဲသား"

"မနေ့ညက ကိစ္စလေ။ ကျောင်းသူလေးတွေကို ဖျက်ဆီးချင်နေတာတော့ မဟုတ်သေးဘူး"

"ဖေဖေ ကြည့်ပြောလိုက်မယ်။ မနေ့ညကလဲ သား သူ့ကိုရိုက်လိုက်တဲ့ပြဿနာကရှိသေးတယ်"
မင်းချန်ရံက

"ပြီးတော့ မုန်းကိုပြန်ရှာတွေ့ခဲ့တယ်။ ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ်"

ဆိုတော့ ဦးနိုင်လူက သတင်းစာ ဆက်ဖတ်နေပြီး

"အခုထိ လက်မလျော့သေးဘူးလား။ဖေဖေတို့ကို လူရာမသွင်းခဲ့တဲ့မိသားစုကို ထပ်ပြီးအရှက်ကွဲခံမလို့လား"

သူငြင်းသည်။

"အခုကျွန်တော်တို့အခြေအနေနဲ့က သူမက်ုရဖို့ထိုကိတန်ပါပြီ။ ကျွန်တော် သူတို့ရဲ့စီးပွားစုထဲမှာ ရှယ်ယာဝင်ထားနိုင်ပြီ"

"မင်းကြိုးစားကြည့်ပေါ့။ တစ်ခုတော့မှာလိုက်မယ်။အကြပ်ကိုင်ပြီးမီလူတစ်ယောက်ကိုရမ
်ဆိုတာမျိုးတော့မဖြစ်စေနဲ့။
မင်းရဲ့အမေလိုနောက်တစ်ယောက်မဖြစ်စေနဲ့။"
မင်းချန်ရံ ငြိမ်သက်သွားသည်။

"မချစ်မနှစ်သက်တဲ့လူနဲ့အတူတူနေရတဲ့ ဒုက္ခက ကံယကံရှင်နီစ်ဦးလုံးအတွက်  ကောင်းတဲ့အရာတစ်ခုမှဖြစ်မလာဘူး"

မင်းချန်ရံ သက်ပြင်းချလိုက်သည်။ ဦးနိုင်လူ  ကျော်ခိုင်းထွက်သွားသူ တစ်ဦးတည်းသော သားလေးကို ကြည့်မိသည်။

သူ့ရဲ့အမျိုးသမီး။ကလေးမွေးပြီးချင်းသတ်ျသခဲ့တဲ့ အဖြစ်အပျက်ကို ဒီနိုင်ငံမပြန်လာခင်တစ်လကမှ သားဖြစ်သူကိုအသိပေးလိုက်ခြင်းဖြစ်သည်။

သူတကိုယ်တည်းရဲ့အတ္တ။

**************

"ဂျွန်။ ဘာလို့ငါ့ကို ပိတ်ထားတာလဲ"

"ဘာလဲ သျှင်းမွန်နစ်ဇံ နင့်ကို ဖိအားပေးနေတာလား"

ဂျွန်က

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now