Part 12

1.7K 182 4
                                    

Unicode version

ယွန်းအခန်းကိုပြန်ရောက်တဲ့အချိန် သျှင်းအခန်းထဲမှာရှိ‌ေနသည်။
ယွန်းက ထီးပိတ်ပြီး

"သျှင်း ပြန်ရောက်နေတာလား။ ယွန်း ဆိုင်မှာ အကြာကြီးစောင့်နေတာ။ လာခေါ်မယ်ဆိုလို့"

ပြန်မဖြေ။ မဖြေသည့်အပြင် လှည့်ပင်မကြည့်။ ပူံစံက အခုလေးတင်ရောက်တာထင်တယ်။ အဝတ်ယူပြီးရေချိုးခန်းဘက်ထွက်သွားတော့

ယွန်းက အရှေ့ကနေပိတ်ရပ်လိုက်သည်။ သူ့ကိုကြည့်မိတော့ စိတ်ဆိုးနေတာထင်တယ်။အံကြိတ်ထားသည်။

ယွန်းက သက်ပြင်းချပြီး

"ယွန်းကိုဖုန်းဆက်တာလေ။အဲ့တာဘာဖြစ်တာလဲ။ တခုခုဖြစ်ပြီဆိုတာတော့သိလိုက်တယ်"

မုန်း ရှောင်ထွက်ဖို့ကြိုးစားပေမယ့် ယွန်းက

"မပြောချင်ရင်လဲမပြောပါနဲ့။ ဒါပေမယ့်စကားမပြောဘဲတော့မနေနဲ့နော်။ယွန်းစိတ်အရမ်းကျဉ်းကျပ်လို့"

ထိုအခါ

"ငါထွက်သွားပေးရင်အဆင်ပြေတယ်မဟူတ်လား"

မုန်းဘာဖြစ်တာလဲ။ ယွန်းက ပျာပျာသလဲနဲ့

"မဟုတိဘူးလေ။ ယွန်းပြောချင်တာက စိတ်ကျဉ်းကျပ်တယ်ဆိုတာ သျှင်စကိုထွက်သွားခိုင်းတာမှမဟုတ်တာ။

စိတ်အခန့်မသင့်ဖြစ်ရင် ညှိနူင်းလို့ရတယ်ဆို....."

"တကယ်လား။ငါနဲ့ညှိနိူင်းချင်လား။ဟူတ်လား"

ယွန်းသူ့ရဲ့အော်သံကြောင့် အျနာက်ကိုဆုတ်လိုက်မိသည်။ သူ့ကိုစူးစိုက်ကြည့်နေတော့ တကယ်အနေကြုံ့သည်။

"ယွန်းအပေါ် ဘာတွေမကျေမနပ်ဖြစ်နေလဲဆိုတာအရင်သိရမှပေါ့"

"မင်း....." မုန်းဘက်က ဆက်ပြီးပြောမထွက်လာပေ။ စောစောက ဆိုင်ထဲမှာ အတူတူထိုင်‌ေနတာမြင်ရတာကို သူမရင်ထဲမီးလောင်သာ်ထက်နာကျင်မှုကပိုပြင်းထန်သည်။

ယွန်းကိုဘယ်ယောက်ျားနဲ့မှအတူယှဉ်ပြီးမတွေ့ချင်သလို သူမဟုတ်တဲ့တခြားဘယ်မိန်းကလေးကမှလဲ မကပ်စေချင်ဘူး။

လောဘကြီးနေတာလား။ သူမ အရမ်စလောဘကြီးနေတာထင်တယ်။ သူမတို့ကိသူငယ်ချင်းဆိုပေမယ့် မုန်းဘက်ကဘယ်သောအခါမှ သူငယ်ချင်းဆိုတာမသတ်မှတ်ခဲ့ဖူးပေ။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now