Part 18

1.8K 167 8
                                    

Unicode version

စာမေးပွဲ‌ဖြေပြီး၍ နှစ်ကုန်အတွက် ပိတ်ရက်မတိုင်မှီတစ်ပါတ်ခန့်အားလက်ရက်ခရီးတစ်ခုကိုကျောင်းကစီစဉ်ပေးသည်။

သူမတို့ဌာနကတော့ ငပလီတဲ့။ ယွန်းလိုက်ဖို့ငြင်းဆန်ချင်ပေမယ့် မုန်းခွင့်မပြုမှာသိနေသည်။

ဂေဟာအတွက်သူမအလုပ်လျောက်ထားသည်။ ပိတ်ရက်2လ အတွင်စသူမငွေရှာရမည်မှန်သော်လည်း ကျောင်းကစီစဉ်တဲ့အတွက် ယွန်းငြင်းဖို့မကြိူးစားနိုင်။

"လေယာဉ်နဲ့သွားရမယ်ဆိုပေမယ့် ပင်လယ်ထဲကိုတော့သင်္ဘောနဲ့သွားရမှာ"

အဝတ်အစားထည့်ရင်းမုန်းသူမကို သတိပေးလာသည်။

"ပြကြည့်စမ်းပါအုံး"

သူမအဝတ်အစားတွေကိုကြည့်ရင်း

"ပြင်ဆင်မနေနဲ့တော့ ငါ့တာဝန်ထားလိုက်"

ယွန်းက

"ဘာလို့လဲ။ယွန်းအတွက်ယွန်းပဲပြင်ဆင်မှာပေါ့"

မုန်းက

"ရည်စားထားတာဘာလုပ်ဖို့လဲ။ငါ့ကိုလွှဲဆိုလွှဲလိုက်ပေါ့"

ယွန်းကမျက်မှောင်ကုတ်ပြီး

"ဘယ်သူကရည်းစားလဲ"

မုန်းကသူမအဝတ်အိတ်ကိုလှမ်းယူပြ္း

"ငါတို့နှစ်ယောက်လေ။ နမ်းလဲနမ်းပြီးပြီ။အတူတူလဲအိပ်ပြီးပြီ။ အဲ့တာရည်းစားမဟုတ်တော့ဘာလဲ"

ယွန်းက သက်ပြင်းချရင်း

"ယွန်းလက်ခံလို့လား။ဟိုတခါကဖြစ်တဲ့ကိစ္စကလဲ သျှင်းကဆေးမိနေလို့လေ"

"အင်းလေ။ ဒါပေမယ့် နမ်းတာကနမ်းတာပဲလေ။

လက်ခံလိုက်စမ်းပါ။ငါနဲ့တွဲတာ မင်နောင်တ မရစေရပါဘူး"

ယွန်းကတချက်ဟင့်ခနဲလှောင်ပြီး

"ယွန်းကိုဂေးနေတယ်ထင်လို့လား။ တော်ပြီ။ "

မုန်းသူမကိုပြုံးပြီးကြည့်မိသည်။ လိုတာမည်ရ သူမအတွက်အဝတ်အပိုထည့်ပေးရလိမ့်မယ်။

"ဟုတ်ပါပြီ။ ယွန်းက အဖြူ‌ထည်လေးပါ။"

ဖြစ်ရမယ်လေဆိုသောအကြည့်နဲ့သူမအကြည့်ခံလိုက်ရသည်။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Donde viven las historias. Descúbrelo ahora