Part 10

1.9K 191 1
                                    

Unicode version

မင်းချန်ရံ။
Savana Cafe ။
သူ့အရှေ့မှာ မိန်းကလေးနှစ်ယောက်ဆိုပေမယ့်။သူမြင်တာကတစ်ယောက်တည်း။

သူမြင်တဲ့တစ်ယောက်က သူ့ကိုဂရုမစိုက်ဘူး။ အနားကမိန်းကလေးကိုပဲ အရေးလုပ်တာ။ သူကပဲဝယ်ကျွေးပါမယ်ဆိုတော့။

သူငယ်ချင်းဖြစ်သူကြိုက်တာမှာခိုင်းသည်။ကျောက်ပုဇွန်တဲ့။ ဘေးနားကကောင်မလေးက လက်ပျက်နေသည့်အခြေအနေမဟုတ်။

ဒါကို သူနဲ့စကားမပြောချင်တိုင်းပုဇွန်ကိုခွာပေးနေတာကြောင့်။ မုန်းကိုပဲငေးကြည့်‌ေနသည့်မင်းချန်ရံကို ယွန်းအားနာလာသည်။

"ရော့။အချဉ်‌နဲ့တို့စား။
အရမ်းမစားနဲ့နော်။ ဗိုက်နာနေအုံးမယ်"

ပေးလာတဲ့ပုဇွန်အသားကိုယူပြီးအချဉ်နံ့တို့ကာတစ်ကိုက်ကိုက်လိုက်သည်။
(ဗိုက်ဆာလာပြီ)

မင်းချန်ရံက

"ဒါဆို နှစ်ယောက်ကအတန်းအတူတူပဲပေါ့" ယွန်းက မုန်းကိုလှည့်ကြည့်သည်။အရေးမစိုက်သည့်အတွက်

"ဟုတ်...ဟုတ်ကဲ့"
"1styr "

"ဟူတ်လား။ အတန်းဖော်လဲဖြစ်တ
်သူငယ်ချင်းလဲဖြစ်ဆိုတော့ မုန်းအတွက်အဆင်ပြေတာပေါ့။
မုနး်ကခင်တဲ့သူတောင်လူရွေးတဲ့အကျင့်ရှိတယ်မဟုတ်လား"

"ရေနွေးနဲ့စား။ရေအေးနဲ့ဆို ဝမ်းလျောမယ်"

ယွန်းက အားနာသွာနဲ့ပြုံးပြလိုက်သည်။ ထို့နောက်မုန်းသူ့ကိုချက်လှမ်းကြည့်ရင်း
"မုန်းကိုသိခဲ့တယ်ဆိုတိုင်းအားလုံးနာလည်သလိုလုပ်ပြမနေပါနဲ့။
ဟိုတယ်မှာဖြစ်တဲ့ကိစ္စအတွက်ဆိုရင်

ဒါတွေကိုမုန်းရှင်းမှာ။ တခြားရည်ရွယ်ချက်ရှိနေတယ်ဆိုရင်တော့အခုပြောလိုက်"

မင်းချန်ရံက

"တကယ်မေ့နေတာပဲ။ ကိုယ်တို့အရမ်းရင်းနှီးခဲ့တယ်လေ"

မုန်းမသိဘူး။ နာမည်ရင်းနှီးနေတိုင်း ခင်ခဲ့တဲ့သူဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မုန်းခေါင်းညိတ်ရင်း

"ဟုတ်မှာပါ အတိတ်ကအတိတ်မှာပဲထားခဲ့တယ်"

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now