Part 25

1.6K 171 8
                                    

Unicode version

မှန်တင်ခုံရှေ့ အသေကောင်ကြီးလိုထိုင်နေသူယွန်း။

လမင်းကအဝတ်ပင်လဲပြီးနေပြီ။  မှန်ထဲကကိုယ့်ပုံကိုကြည့်နေပေမယ့် မြင်ကော မြင်ရဲ့လား။ လမင်းက ‌ယောက်ျားလေးဆန်ဆန်ဝတ်ဆင်ထားသည်။

"ယွန်း။ဘာလုပ်နေတာလဲ။ သွားဖို့ပြင်ဆင်တော့လေ။ မုန်းမျှော်....."

"ဆောရီး။ ပွဲစတော့မယ်ပြောတာ"

ပြီးတော့အနားကိုရောက်လာပြီး အဝတ်ထည့်ထားသည်။စက္ကူဘူးကိုလှမ်းယူလိုက်သည်။

ဖွင့်ကြည့်ပြီး အဝတ်ကိုယူထုတိလိုက်တော့

"Wowwww အရမ်းလှတာပဲ။ ကြည့်ပါအုံး"

ယွန်းလှည့်ကြည့်လိုက်သည်။ မျက်မှောင်ကုတ်သွားသည်။ သတို့သမီးဝတ်စုံမဟုတ်ဘူးလား။

မဟုတ်ပါဘူး။ ဝတ်စုံက အတိုပဲ။ ပြီးတော့ဂါဝန်ဆိုပေမယ့်အထူကြီးမဟုတ်ဘူး။ မွေးနေ့ရှင်တစ်ယောက်ဝတ်သင့်တဲ့ ဝတ်စုံ။

အဖြူရောင်ပါ။

"လုပ်....မြန်မြန်" ယွန်းက

"ဒါဝတ်ဖို့လိုလား။ ယွန်းကအပြင်လူအနေနဲ့ သွားမှာလေ"

လမင်းက

"လိုတာပေါ့။ ကိုယ့်ကို ကြည့်လေ။ ဒီလိုဝတ်ဆင်ထားပြီဆို‌ောတ့ ယွန်းလဲ ဒါလေးဝတ်မှအဆင်ပြေမှာ"

ယွန်းကခေါင်းခါရင်း

"မဝတ်ချင်ဘူး။ သူနဲ့ပါတ်သတ်တာတစ်ခုမှမလုပ်ချင်တော့ဘူး။"

လမင်းကပြုံးရင်း

"ဒါပေမယ့် ဒါဝတ်မှ သူ့ရဲ့ပွဲနဲ့သင့်တော်တာလေ။ ယွန်းကိုတခြားသူတွေကဲ့ရဲ့တဲ့အကြည့်နှိမ့်ချတဲ့အကြည့် တွေကိုသူလက်ခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ဝတ်လိုက်ပါ။

မြန်မြန်လုပ်တော့ယွန်း။ အချိန်သိပ်မရှိတော့ဘူး။"

ယွန်းသက်ပြင်းချပြီး မျက်နှာပေါ်မိတ်ကပ်ပါးပါးလေး လူးကာ ဆံပင်ကိုဖီးသင်ပြီး ဝတ်စုံကိုအမြန်လဲဝတ်လိုက်သည်။

မှန်ထဲကကိုယ့်ပုံရိပ်ကို ကြည့်ရင်း မသက်ဆိုင်ဘူးလို့ထင်ထားသည်။ သို့ပေမယ့်

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now