Part 19

1.6K 168 5
                                    

Unicode version

လမင်းပြောတဲ့စကားတစ်ချို့ကိုတစိမ့်စိမ့်တွေး‌ရင်း အနားက ယွန်းကိုငေးကြည့်နေသည်။

ဟိုတယ်ဝန်ထမ်းအတွက်ဆိုတာ ယွန်းကိုတမင်လမ်းဖောက်ပေးခဲ့တယ်ဆိုပေမယ့် မုန်းအဖို့က အဆင့်အတန်းခြင်းမကိုက်ညီပေ။

သို့ပေမယ့် သာမန်အဆင့်အတန်းနဲ့လူတစ်ယောက်ကိုချစ်မိတော့လဲ သူမနဲ့အသွင်တူတဲ့သူပဲသူမဖြစ်အောင်ကြိုးစားရမည်။

တဖက်ကိုကြောပေးအိပ်နေသူသူမကို‌ေပ့္ဖက်ထားချင်ပေမယ့် အခုက သူမအရက်မူးနေသည်မဟုတ်။

ဆေးမိနေသည်မဟူတ်။ တစ်ခါတည်းကန်ချခံရမည့်အခြေအနေပါ။ မုန်းလက်လှမ်းရင်းနဲ့ဘယ်နကြိမ်မျှသူမကိုထိတွေ့ခွင့်ရဖို့ကြိုးစားနေမိသည်မသိ။

သူမဖုန်းကိုသိမ်းထားသည်ကလဲ သူမအသိုင်းအဝိုင်းရဲ့ အနှောက်အယှက်ကိုမကြိုက်သည့်အတွက်ပါ

ဒီမှာရှိနေနဲ့ကာလပါတ်လုံး သူမကိုကင်မရာတစ်လုံးပေးထားမည်ဆိုသည်ကငြင်းဖွယ်ရာမရှိ။လမင်းပြောသလိုသူမကိုစမ်းသပ်ကြည့်ချင်ပေမယ့် အကယ်၍အထင်လွဲခဲ့ခြည်သော်။

တဖက်ကိုလှည့်ပြီးဖုန်းကိုကောက်ယူလိုက်သည်။အချိန်အားဖြင့် ည1:45။

စာရိုက်ပြီးလမင်းကိုပို့ပေးလိုက်သည်။ သူမဖုန်းပြန်မချမှီပဲ စာပြန်ဝက်လာသည်။

"ဆုံးဖြတ်ပြီးပြီဆိုရင် အခုခဏထွက်လာခဲ့ပါလား။ ပြောစရာလေးရှိတယ်"

ဆိုသည့်စာကြောင်းလေးနှစ်ကြောင်း။ ယွန်းကိုတစ်ချက်လှည့်ကြည့်ပြီးကုတင်ပေါ်ကဆင်းလိုက်သည်။အတက်နိုင်ဆုံးခြေကိုဖွလျှောက်ကာ တံခ့းတွန်းဖွင့်ပြီးဘန်ကဂလိုအပြင်ဘက်ကိုထွက်လာသည်။

လှိုင်စပုတ်သံများကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။ ဟိုတယ်ဝန်းမှာမီးရောင်များကနေ့နှင့်မခြား။ သူမထွက်လာစဉ်ပဲ လုံင်းကဘန်ကလိုရှေ့ရောက်နှင့်နေပါပြီ ။ သူမအိပ်ဘူးလား။

"ကမ်းခြေဘက်လမ်းလျှောက်ရအောင်" မုန်းသူ့ဆီလျောက်လာရင်း

"ဒီရေကျသွားပြီလား"

လမင်းကမသိကြောင်းခေါင်းခါပြသည်။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now