Part 21

1.7K 166 3
                                    

Unicode version

နောင်တမရတဲ့ဆုံးဖြတ်ချက်။ မွမ်းကြပ်နေသည့်အ ‌ေခြအနေကနေ ဆွဲခေါ်ခံလိုက်ရသည့်အတွက် ချက်ချင်းပဲ အသိစိတ်ပြန်ကပ်လာသည်။

ရုတ်တရပ်မျက်လုံးပွင့်လာချိန် ပထမဆုံးမြင်လိုက်ရသည်က ယွန်း။ ပြီးတော့ ကယ်ဆယ်ရေးတွေ။ နောက်ထပ် လမင်း။ညို့နဲ့အတန်းဖော်တွေ။

အနက်ရောင်ကားချပ်ပေါ်က ကြယ်စင်တန်းလေးတွေ။ မသေသေးပါလားဆိုသည့်အတွေးနဲ့စိတ်ကိုလျော့ချလိုက်သည်။

"မုန်း...မုန်း"

"အသက်အန္တရာယ်မရှိတော့ပါဘူး။ အနားယူလိုက်ရင်အဆင်ပြေပါပြီ" တခြားသောအတန်းဖော်များနှင့် ဦးဆောင်သည့်ဆရာမတို့စိတ်ပူနေကြတဲ့အတွက် အနည်းငယ်တော့စိတ်သက်သာရာရသွားသည်။

ကယ်ဆယ်ရေးဝန်ထမ်းတွေသူမရဲ့နားနေခန်းကိုသယ်ဆောင်သွားပေးချိန် ညို့၊လမင်းနဲ့ ယွန်း။

သုံး‌ယောက်သာနေရာတွင်ရပ်နေတော့သည်။ညို့က

"ဘယ်လိုလုပ်မလဲ။Live Video က Online ပေါ်မှာအတော်ပြန့်သွားပြီ။
ယွန်းသက်စံကြောင့်သျှင်းမွန်နစ်ဇံ ကိုယ့်ဘာသာကိုယ်သတ်သေတယ်ဆိုတဲ့ဖြစ်ရပ်မှန်ကြောင့်။

ယွန်း။ နင်ကျောင်းထွက်ရမယ်ထင်တယ်"

လမင်းဘာမှဝင်မပြောပေ။

"Live ကြည့်ရတဲ့သူတွေအတွက်ကတော့ မုန်းဘက်မှာရပ်တည်တဲ့သူတွေရဲ့အမုန်းကို ယွန်းသက်စံစပြီးခံစားရလိမ့်မယ်"

"အပြောမဟုတ်ဘူးနော်။ ကျိန်းသေဖြစ်လာမှာကိုပြောတာ။ ဦးမွန်နစ်ရဲ့သမီးရတနာလေးကိုအခုလိုလုပ်နိုင်တယ်ဆိုတော့ တော်ရုံသတ္တိနဲ့တော့မရဘူးပဲ"

လမင်းညို့ကိုစိုက်ကြည့်လိုက်သည်။

"ဒီမှာပျော်နေတဲ့သူတစ်ယောက်မှမရှိဘူး။ မီးရှို့နေရမှ အဆင်ပြေမှာလား"

ယွန်းငြိမ်သက်နေသည်။ မုန်းဘာကြောင့်အခုလိုလုပ်ရတာလဲ ။အသက်တစ်ချောင်းကိုလွယ်လွယ်နဲ့။ ဘာမဟုတ်တဲ့ ငြင်းပယ်မှုက အခုလိုထိဖြစ်စေတာလား။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now