Part 26

1.8K 182 20
                                    

Unicode Version

"ကိုယ်နဲ့ ကိုမင်းက ခိုးပြေးတဲ့အထိဖြစ်ခဲ့ဖူးတယ်။အခုလိုပဲ။ ဖေဖေတို့သဘောမတူလို့ မော်လမြိုင်ကိုထွက်ပြေးကြတာ။

ဒါပေမယ့် အခုလိုကူညီမယ့်သူမရှိတော့ လမ်းတစ်ဝက်မှာပဲ ပြန်ဖမ်းမိသွားတယ်။

ကိုမင်းကို ဖေဖေတို့ဖမ်းခေါ်သွားပြီးတော့ သတ်ဖို့အထိလုပ်ခဲ့တာ။ကိုယ်က ကိုမင်းကိုမသတ်ဖို့တောင်းပန်တယ်။

ထပ်ပြီးမပတ်သတ်တော့ပါဘူးလို့ကတိပေးခဲ့တယ်။ကိုမင်းနိုင်ငံခြားထွက်သွားတဲ့နေ့ပဲ ကိုယ်အဖျားကြီးရာကနေ အတိတ်မေ့သွားတယ်။

ဟိုတစ်ရက်က ကိုယ်အရက်တွေသောက်‌ေနတဲ့ညက ကိုမင်းပြောပြလို့သိလိုက်ရတယ်။ အခုထိ မေ့နေတာတွေကိုပြန်သတိမရသေးဘူး"

ယွန်းနားထောင်နေသည်။ မုန်းက ပြုံးရင်း

"အားလုံးပြန်သတိရပြီဆိုပြီး ဖေဖေတို့နဲ့ ရင်ဆိုင် မိတော့ ကိုမင်းနဲ့ချက်ချင်းစီစဉ်‌တော့တာပဲ။

ကိုမင်းကလဲ အဲ့ညက ကိုယ်နဲ့တစ်ခုခုဖြစ်ခဲ့ကြသလို  လီဆယ်လိုက်တော့ ကိုယ့်အတွက်က ပြေးပေါက်ပိတ်သွားတယ်။

ကိုယ့်နဲ့ကိုမင်းရဲ့အဖြစ်အပျက်တွေကို လူမသိစေချင်ရင် ကိုမင်းက ကိုယ်နဲ့လက်‌ထပ်စေဖို‌့ဖေဖေတို့ကိုအကြပ်ကိုင်ထားခဲ့တော့

ကိုယ့်ဘက်က အခြေအနေအမှမ်ကိုကိုမင်းကိုအသိပေးလိုက်တယ်။

ဒါကြောင့် ကိုမင်းနဲ့လမင်းနဲ့ပူးပေါင်းပြီး ပခုလိုအခြေပနေထိရောက်လာတာ။

ယွန်းဘက်က သေချာ‌ချင်ပေမယ့် ကိုယ့်နောက်ကို ဖေဖေရဲ့လူတွေလွတ်ထားတာ။ ဒါကြောင့် တွေ့ချင်တာတောင်တွေ့ခွင့်မရခဲ့ဘူး"

"ကိုမင်းကိုကော မုန်းရဲ့မိဘတွေက ဘာလို့ လက်ခံနိုင်တာလဲ။ ခြိမ်းခြောက်ထားတာဆို"

မုန်းက

"ကိုယ်က မိန်းကလေးချင်းကြိုက်နေတယ်ဆိုတာထက်စာရင် ‌ယောက်ျားလေးတစ်ယောက်နဲ့လက်ထပ်စေတာက ပိုကောင်းတယ်လို့ယူဆမယ်မဟုတ်လား။

တခြားသူဆိုရင်လဲ မင်းချန်ရံမကျေနပ်ရင် ပွဲပျက်မှာပဲကို"

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now