Part 22

1.6K 165 3
                                    

Unicode version

ဟိုတယ်ဝန်ထမ်းအသစ်စာရင်းထဲတွင် ယွန်းရဲ့နာမည်ပါမလာကတည်းက စိတ်မကြည်နိုင်တော့။

သူမရဲ့အရပ်အမောင်းနဲ့ရုပ်ရည်ကြောင့် Front Office Standard  Operatingတွင်နေရာချထားခံရသည်။

အလုပ်သင်ဝန်ထမ်းသဘောပါ။ ဟိုတယ်မန်နေဂျာတစ်ယောက်သာသူမ မည်သူဆိုတာသိပေမယ့် ဘက်လိုက်သည့်သလောမရှိဘဲ အများနည်းတူဆက်ဆံသည်။ဒီပိတ်ရက်ကာလမှာ အလုပ်လုပ်ရင်းအချိန်ကုန်ကြည့်ရမည့်သဘော ဖြစ်သည်။

ဟိုတယ်ဝန်ထမ်းတွေလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကိုရှင်းပြပြီး သူမနဲ့သက်ဆိုင်သည့် Front Desk Officer ဆီကို သူမအပါ အဝင် အလုပ်သင်ဝန်ထမ်းသုံးဦး ရောက်ရှိသည်။

"အမက ကြည်ဖြူ။ Front Desk မှာ Officer.
Front Desk ကနေ ဖုန်းဖြေရမယ်။Check in စစ်ရမည်။Check Out စစ်ရမယ်။

တခြားဌာနတွေနဲ့ဆက်သွယ်ရမယ်။ ဉပမာHousekeeping တွေ လက်လှမ်းမှီမယ့် အလုပ်တွေမှာပေါ့။ ပြီးတော့ ငွေကြေးကိစ္စလဲကိုင်ရမယ်။

ငွေသွင်းတာတွေ Room Service ပြဿနာတွေ Guest များရင်များသလို ၂၄ နာရီလုံး
မနားရတဲ့နေရာပဲ။

အလုပ်သင်ဆိုပေမယ့် စိတ်ချရမယ့်သူတွေဖြစ်မယ်ထင်ပါတယ်။

ဘာသာစကားသုံးမျိုးနဲ့အထက် ပြောနိုင်ရင်အဆင်ပြေတယ်"

"ဒီတော့ သီးသန့်သင်ပေးဖို့ကဝန်ထမ်း မလုံလောက်ဘူး။အလုပ်သင်ကာလ သုံးလအတွင်းမှာ သေချာကြည့်ပီ့းသင်ယူ အမ အနေနဲ့ တက်နိုင်သလောက် သင်သွားပေးမယ်"

"ဟုတ်ကဲ့အမ"

"ဒါဆိုရင် နာမည်မိတ်ဆက်ပေးပါအုံး"

မုန်းက သက်ပြင်းချရင်း

"ကျွန်မနာမည်မုန်း ပါ။
Damon မှာ 1st yrs တက်နေပါတယ်။
ဘာသာစကားအနေနဲ့ ပေါ်တူဂီ
စပိန်နဲ့ အင်္ဂလိပ်ရပါတယ်"

ဆိုတော့ခေါင်းညိတ်ပြသည်။ မန်နေဂျာက‌လက်ပိုက်ထားပြီး သေချာအကဲခက်ကာ

"ပေါ်တူဂီစကားတက်တယ်ဆိုတော့ တောင်အမေရိကGuest တွေအတွက်ပိုအဆင်ပြေပါတာပေါ့။ မဆိုးပါဘူး။ အဖွဲ့မှူး၃ နဲ့ ပူးပေါင်းလိုက်ပါ"

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now