Part 24

1.6K 174 3
                                    

Unicode version

သုံးရက်ခန့်လွန်မြောက်ပြီးနောက်။

မုန်းနဲ့ မင်းချန်ရံရဲ့စေ့စပ်ပွဲဆိုတဲ့သတင်းက Damon တစ်ကျောင်းလုံးကိုပြန့်သွားတော့သည်။

"ဟူတ်တယ်။ ငါတို့ထင်ထားတာ မှားနေတာပဲ။ ရုတ်တရပ်ကြီးစေ့စပ်ပွဲဆိုတော့။ ထင်တောင်မထင်ထားဘူး။ "

"ရုဝ်တရပ်မဖြစ်နိုင်ပါဘူး။ မိဘချင်းသဘောတူထားတယ် လို့ကြားတာပဲ။ မုန်းနဲ့စေ့စပ်မယ့် သူကအရမ်းကြည့်ကောင်းတာ။ လိုက်တယ် သူတို့နှစ်ယောက်ကလေ"

ယွန်းလက်ထဲကဇွန်းပြုတ် ကျသွားတော့သည်။
လမင်းက သူမကိုကြည့်လာသည်။

"သူအိမ်ပြန်သွားတဲ့ညက ဘာဖြစ်ခဲ့လဲမသိဘူး။ သူလက်ထပ်မှရမယ့်အခြေအနေလို့ပြော လာတယ်။
အဆောင်ပြန်လာဖို့လဲအဆင်မပြေတော့ဘူးတဲ့။ "

ယွန်းခေါင်းညိတ်ရုံသာ။ လမင်းက သက်ပြင်းချရင်း

"တစ်ခါတလေ ကိုယ်ဖြစ်ချင်တာ မဖြစ်ရတာတွေလဲရှိတယ်။ သူ့မိဘတွေဖြစ်စေ ချင်သလိုဖြစ်သွားတာပေါ့။
မချစ်ပေမယ့် မဖြစ်‌ေတာ့ဘူးဆိုတော့"

ယွန်းငြိမ်သက်လို့နေသည်။ လမင်းက

"စား အတန်းတက်ရအုံးမယ်။မဟုတ်လား။ မုန်းက ကိုယ့်ဆီကိုအပ်သွားတာ။ မင်းကိုဂရုစိုက်ဖို့"

ယွန်း အံတင်းတင်းကြိတ်ထားပြီး

"ယွန်းသန့်စင်ခန်းသွားလိုက်အုံးမယ်"

ဆိုကာ အမြန်လှည့်ထွက်သ‌ွားတော့သည်။ လမင်းသက်ပြင်းချရင်းသာကျန်ခဲ့တော့သည်။

နောင်တများမရချင်ရင် အချိန်ကိုတန်ဖိုးထားရတယ်။ အခုတော့။ မုန်းတို့စေ့စပ်ပြီးတာနဲ့ နိုင်ငံခြားမှာစာသွားသင်တော့မယ်။

ဒါဆိုရင် ရာသက်ပန်ဝေးပြီမဟုတ်လား။

သူလဲဆက်စားဖို့မဖြစ်နိုင်တော့ဘူး။ ဒီနှစ်‌ယောက်နဲ့စိတ်ညစ်တယ်။

$$$$$$$

မုန်း ဖုန်းကိုကြည့်ပြီးပြုံးလိုက်မိသည်။

မင်းချန်ရံက သူမကို

"ဟင် ပြုံးလို့ပါလား။ကောင်းတာတစ်ခုခုဖြစ်တာလား"

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now