Part 23

1.6K 168 3
                                    

Unicode Version

"ဒီနေ့ပြီးမယ်ထင်တယ်နော်"

"အင်း မနေ့ကတည်းကရုံးခန်းကိုသတင်းပို့ထားပြီးသားဆိုတော့မြန်မယ်ထင်တယ်"

ယွန်းသက်ပြင်းချလိုက်သည်။ ကျောင်းဝန်းအဝင်ကတည်းက လမ်းလျောက်ဝင်လာပြီးကျောင်းသားရေးရာဌာနကို အတူလျောက်ဝင်လာသည်။

မကြာခင်ဒီကနေထွက်သွားရတော့မည်. မုန်းရဲ့မေမေကလဲ သူမထွက်သွားမည်ကိုမျှော်လင့်နေတာမဟုတ်လား။ အရာအားလုံးအဆင်ပြေသွားမှာပါ။ စင်္ကြံလမ်းအတိုင်းလျောက်လာပြီး လမ်းအတိုင်းချိုးကွေ့လိုက်ရာ

"ဟင်"

ယွန်းတို့နှစ်ယောက်လုံးခြေလှမ်းတံ့သွားသည်။ မုန်းနဲ့လမင်းကသူတို့လမ်းကိုပိတ်ရပ်နေသည့်အတွက် ။ယွန်းအနေနဲ့ရှောင်ထွက်နိုင်ဖို့ လုပ်ရလိမ့်မည်။ မုန်းသူမကိုမတွေ့ချင်နေဘူးဆိုတာသိနေတော့လဲ ချက်ချင်းမျက်လွှာချလိုက်သည်။

"သွားရအောင်"

သူမဘေးဘက်ကိုရှောင်ထွက်မည်အပြု သူမရှေ့ကိုမုန်းမှပိတ်ရပ်လာသည်။ လမင်းက ယွန်းဘေးနားကတစ်ယောက်ကို

"ဟိုဘက်ခဏလိုက်ခဲ့ပါလား သူတို့ကိုစကားပေးပြောလိုက်လေ"

ယွန်းက

"မလိုပါဘူး၊ စကားပြောစရာမှမလိုတာ လာသွားရအောင်"

ဘေးနားကသူငယ်ချင်းရဲ့လက်ကိုဖမ်းဆွဲမည်အပြု

"ဖြန်း" တဖက်ကလှမ်းလာတဲ့လက်ကိုရိုက်ချပြီး မုန်း သူမရဲ့လက်ကိုဖမ်းဆွဲလိုက်သည်။

"ငါပြောစရာရှိတယ် မင်းမရှိလဲနားထောင်ရမယ်"

ဆိုကာသူ့ဆီကိုဆွဲခေါ်ပြီးထိုနေရာမှ ဆွဲခေါ်လာတော့သည်။ မုန်းအံကြိတ်ထားသည်။ ဒီလောက်ကိုတခြားသူရဲ့လက်ကိုကိုင်ချင်နေသေးတာလား.ငါ့လက်ကိုလွတ်မရအောင်လုပ်မိတော့မယ်.

သန့်စင်ခန်းအတွင်းကိုတွန်းထည့်လိုက်သည် ။အဝင်တံခါးကိုအတွင်းဘက်ကနေ Lock ချလိုက်ပြီးနောက် ယွန်ဘက်ကိုပြန်လှည့်လိုက်သည်။

ယွန်းကသူမကိုမျက်နှာလွဲထားသည်။ လက်ဆေးဘေစင်အခန်းအတွင်း

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now