Part 11

1.8K 191 2
                                    

Unicode version

ကျောင်းရဲ့မာဖီးယား။
သျှင်းကိုအဲ့လိုခေါ်ကြတယ်ဆိုတာ ယွန်းအခုတော့သိပါပြီ။ Safe Place မဟုတ်ဘဲ သူမတစ်ယောက်တည်းသောင်းကျန်းနေတာကိုပဲကြည့်တော့။

Major စုံအတန်းကိုပြသော အင်္ဂလိပ်ဆရာမ အလုပ်ပြုတ်သွားခဲ့ပြီလေ။ နေရာတကာသူမဆရာဝင်လုပ်နေတာမဟုတ်ပေမယ့်

သူမကိုခလုပ်ဝင်တိုက်ရင်တော့ ကောင်းတာတစ်ခုမှဖြစ်မလာဘူးဆိုတာပြသနေတာဖြစ်သည်။

ယွန်းကန်တင်းကိုသွားရမည်။ညနေစာအတွက် ဘာစားရမလဲစဉ်းစားရင်းလျှောက်လာသည်။

အချိန်ပိုင်းအလုပ်ကလဲ စနေတနင်္ဂနွေပဲ။ သူမကန်တင်းထဲဝင်လိုက်သည်။

နောက် တန်းစီပြီးသူမအတွက်ဝေစုကိုယူလာသည်။ ထိုင်ထို့နေရာရှာနေချိန်ပဲ။

မုန်းသူမကိုလက်ထောင်ပြသည်။ အော်။ဆိုပြီးဖြစ်သွားသည်။

တစ်ခါမှစားတဲ့အချိန်မဆုံ။ ထို့ကြောင့်သူမခပ်သုတ်သုတ်လာသည်။ စာပွဲတစ်လုံးမှာတစ်ယောက်တည်း။

မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
"သျှင်းကိုတစ်ခါနှမတွေ့မိပါဘူး"

မုန်းက

"ငါက တခြားနေရာကိုယူသွားတာဒီမှာလူများတယ်။
ဒီနေ့မှ ထိုင်ဖို့နေရာကအရမ်းကြပ်နေတာဆိုတော့ မင်းထိုင်ဖို့နေရာမရှိဘဲနေမလားလို့။နေရာဦးထားတာ"

"အေးဆေးစား"

ယွန်းခေါင်းငြိတ်လိုက်သည်။  ထိုစဉ်ပဲ။

"အရမ်းမိုက်တာပဲ။အဲ့တာဘယ်သူလဲ"

မုန်းကဂရုမစိုက်ပေမယ့် တွေပွက်ပွက်ညံနေတာကြောင့်လှည့်ကြည့်လိုက်ရာမျက်လုံးပြူးသွားသည်။

"သျှင်း...သျှင်း"

"ဟင်ဘာလဲ"

ယွန်းခေါ်သံကြောင့်စားနေရာကမော့ကြည့်လိုက်သည်။ ချက်ချင်းမျက်မှောင်ကုတ်သွားသည်။

"မုန်း စားပြီးရင် ကိုယ်နဲ့ခဏလောက်တွေ့ရအောင်"

မင်းချန်ရံပါ။ မုန်းလက်ထဲက ဇွန်းခရင်းကိုဘေးသို့ပစ်ချလိုက်သည်။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now