Part 20

1.7K 180 4
                                    

Unicode version

ရှေ့အလှအပစုံလင်နေတဲ့ကမ်းရိုးတန်းကိုမြင်နေရပေမယ့် ယွန်းတစ်ယောက်အတွက်အမှောင်ဖုံးနေသည်။

သူမတွင်ဖုန်းလဲပါမလာသလို အတူကြည့်ပေးမယ့်သူလဲမရှိဘူး။ အပေါ်ဆုံးထပ်မှာရှိနေတဲ့ ထိုနှစ်ယောက်ကိုလှမ်းမြင်လိုက်ရတော့ ရင်ထဲမှာနင့်သွားသည်။

သက်ပြင်းချပြီးအနောက်ကိုသာပြန်လှည့်ခဲ့သည်။

"ယွန်း...ယွန်းလာခဲ့ ဓါတ်ပုံရိုက်မယ်"

အတန်းဖော်တွေဆွဲခေါ်သွားသည့်အတွက် သူမ ပါသွားသည်။

"အမှတ်တရလေးဖြစ်သွားတာပေါ့။လာ"

သူမတို့ရဲ့ Group Photo တွင်သူမကိုပါထည့်ရိုက်ပေးသည်။

အတက်နိုင်ဆုံးပြုံးလိုက်သည်။

ထို့နောက်ထိုနေရာကထွက်လာခဲ့သည်။ သူမတို့အတွက်နားရန်သတ်မှတ်ထားရာနေရာသို့ထွက်လာစဉ်။

မုန်းနဲ့မျက်နှာချင်းဆိုင်ဆုံမိသည့်အတွက် ခြေလှမ်းတံ့သွားသည်။

မုန်းကသူမကိုတွေ့တော့ပြုံးပြရင်း

"ရော့ ဓါတ်ပုံရိုက်ချင်ရင်။ မင်းရဲ့ဖုန်းက အရည်အသွေးနိမ့်နေပြီ။ ယူထားလိုက်။ တစ်ယောက်တည်းပျင်းနေမှာပေါ့"

ယွန်းက

"ရတယ်။ မလိုဘူး။ "

"လိုပါတယ်။ ငါတို့ရှိတဲ့နေရာလဲမလာတော့ တစ်ယောက်တည်းဖြစ်နေမှာဆိုးလို့"

သူမလက်ထဲကို ကင်မရာထည့်ပေးခဲ့ပြီး

"နေ့လည်စာအတူတူစားမယ်နော်။ "

ဆိုကာပြန်လှည့်ထွက်သွားသည်။ယွန်းသက်ပြင်းချလိုက်သည်။

သူမထင်ထားခဲ့တာက သူမကိုကြိုက်နေသည်ပေါ့။ရယ်ချင်စရာပဲ။သူ့လူနဲ့သူရှိပြီးသားကိုဘာကြောင့်များစိတ်ကူးယာဉ်နေတာလဲ။

အခုတော့သိပြီမဟုတ်လား။

"အိုး ယွန်း တယောက်တည်းလား"

‌အနောက်ကိုလှည့်ကြည့်လိုက်သည်။ ညို့ပဲ။ ဘာလို့လဲ။ မေဂျာလဲမတူပဲနဲ့။ မျက်မှောင်ကုတ်လိုက်သည်။

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now