Part 14

1.8K 191 8
                                    

Unicode version

"ဖယ်စမ်းပါ။" မင်းချန်ရံကိုတွန်းထုတ်လိုက်သည်။ ဆိုဖာပေါ်ထိုင်ချရင်း

"ဘာပြောချင်တာလဲပြောပြီးပြန်တော့"

မင်းချန်ရံက သူမအနားကပ်ထိုင်ကာ

"တကယ်ကိုယ့်ကိုမမှတ်မိဘူးလား" မုန်းမျက်စောင်းနဲ့လှည့်ကြည့်လိုက်သည်။

"ဘယ်နခါပြောရမှာလဲ။ မယုံရင် စုံစမ်းကြည့်လေ။ "
မင်းချန်ရံစုံစမ်းထားပြီးဖြစ်သည်။
သူနဲ့ပါတ်သတ်သည့်အကြောင်းအရာမှန်သမျှကို
မေ့သွားလောက်သည်အထိ

ထိုအချိန်ကဖြစ်ခဲ့တဲ့ပြဿနာလေးက။ယခုတော့ သူ့ကိုသူစိမ်းတစ်ယောက်လိုဆက်ဆံနေပြီ။

ပြုံးလိုက်ပြီး

"ကောင်းပါတယ်။အသစ်ကနေပြန်စကြတာပေါ့"

မုန်းကခေါင်းခါရင်း

"မစဘူး။ရှင်းလား"  မင်းချန်ရံကခေါင်းညိတ်သည်။

"ကိုယ့်ဘက်ကတော့တဝက်ကျိုးနေပြီ"

မုန်းက

"ပြန်တော့လေ။ ယွန်းရောက်လာရင်အထင်လွဲနေမယ်"

မင်းချန်ရံက မျက်မှောင်ကုတ်ပြီး

"ဘာလို့အထင်လွဲရမှာလဲ။ နေအုံး။ ယွန်းနဲ့မုန်းကဘာတွေလဲ။ "

မုန်းနူတ်ကလွတ်ခနဲခွက်သွားခဲ့သည့်စကားကြောင့်မုန်းက

"မုန်းတို့က တွဲနေတာမှမဟုတ်တာ။ ယွန်းဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ်အထင်လွဲမခံနိုင်ဘူး"

မင်းချန်ရံမယုံနိုင်ပေ။ ယွန်းကိုဆို မုန်းရဲ့အမူအရာတွေကအရမ်းသည်းလွန်းတယ်။ထို့ကြောင့်

"သူ့ကိုကြိုက်နေတာလား"  ဆိုပြီးနှောက်ပြောင်ပြောဆိုလိုက်သည်ကို မုန်းကသူ့ကိုလဇမ်းကြည့်လာပြီး

"ဟူတ်တယ်" တဲ့။ မင်းချန်ရံ ဘီယာဘူးကိုလက်လှမ်းနေသည်ကိုပင်ရပ်သွားသည်။ မုန်းက လက်ပိုက်ရင်း

"မုန်းသူ့ကိုကြိုက်နေတာ။သူမုန်းကိုမကြိုက်ဘူး။ဒါကြောင့်အတူတူနေလို့မရတဲ့အခြေအနေမို့ဟိုတယ်ကြောင့်အတူတူနေလို့မရတဲ့အခြေအနေမို့ဟိုတယ်မှာလာနေတယ်။ရှင်းပြီလား"

School Bullying to Cute Girl (အချစ်‌ေကြာင့်အင်အားတစ်ခုမွေးဖွားလာခြင်း)။(GL_U+Z)Where stories live. Discover now