အပိုင်း (၁)

10.3K 342 13
                                    

အပိုင်း(၁)

တောင်ပိုင်းမြို့တော်တွင် နွေဦးရာသီစောစောကျရောက်လေ့ရှိ၏။ သစ်ပင်များကြီးထွားလာပြီး ပန်းမန်တွေဖူးပွင့်လာသည်နှင့်အမျှ အိမ်ခြံဝန်းတွေနဲ့ လမ်းမကြီးတွေတည်ရှိရာမြေပြင်ဟာ အစိမ်းရောင်လွှမ်းခြုံလို့လာပြီဖြစ်သည်။ သို့သော် ယခုနှစ်သည် တစ်မူထူးခြားနေ၏။ ဖေဖော်ဝါရီလထဲ ဝင်ရောက်လာရုံပဲရှိသေးတဲ့ညတစ်ညမှာ ရုတ်တရက်ဆီးနှင်းတွေကျဆင်းလာပြီး ရာသီဥတုက အေးစက်လို့လာခဲ့တယ်။

နှင်းများက ယွီမြို့သူမြို့သားတွေကို အံ့အားသင့်စေခဲ့တယ်။ မြို့သူမြို့သားတွေကိုမှင်သက်စေတဲ့ ရုတ်တရက် ဆီးနှင်းကျဆင်းမှုလိုမျိုး သကဲ့သို့ထပ်တူ မျှော်လင့်မထားသည့်နောက်တစ်ခုရှိနေသေး၏။ ထိုအရာကတော့ ဖင်ရှီးမြို့မှစစ်သူကြီးဟွားမုရဲ့သမီးကိုလက်ထပ်တော့မယ့် တရားသူကြီးကျီဖုန့်လီရဲ့သတင်းပဲဖြစ်သည်။
မိသားစုရှုထောင့်မှကြည့်မယ်ဆိုရင် ဒီမင်္ဂလာပွဲဟာ ဂုဏ်ရည်အဆင့်အတန်းချင်းထပ်တူညီပြီး မိုးကောင်းကင်မှချီးမြှင့်လိုက်တဲ့ ပြီးပြည့်စုံတဲ့မင်္ဂလာပွဲလေးတစ်ခုသာ ဖြစ်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ယွီမြို့သူမြို့သားတွေရဲ့အမြင်မှာတော့ သတို့့သားနဲ့ သတို့သမီးတို့နှစ်ဦးကြားက ကွာဟချက်က တော်တော်လေးကျယ်ပြန့်လွန်းလှ၏။ တရားသူကြီးကျီဖုန့်လီက ဒဏ္ဏာရီလာအကျော်အမော်တစ်ယောက်ဖြစ်ပြီး သူ့ကိုမသိတဲ့သူက ရှားပါးလှတယ်။ သူ၏ထူးချွန်သောစွမ်းရည်တွေကြောင့် ငယ်ရွယ်စဉ်ကပင် နာမည်ကျော်ကြားခဲ့တယ်။ သူ့အသက်၁၉နှစ်မှာ ဧကရာဇ်မင်းက တရားသူကြီးဘွဲ့တော်ပေးအပ်ခဲ့တာမို့ တောင်ပိုင်းမြို့တော်ရဲ့အသက်အငယ်ဆုံးတရားသူကြီး ဖြစ်လာခဲ့တော့သည်။ ထူးချွန်ပြောင်မြောက်သော စွမ်းရည်တွေနဲ့ ရာထူးအဆင့်အတန်းတွေရှိပေမဲ့လည်း သူက လက်တွေ့ဆန်တဲ့သူတစ်ယောက်ဖြစ်တာမို့ သာမာန်ပြည်သူများနှင့်ရင်းနှီးလေသည်။ ဒီ၃နှစ်အတွင်းမှာ သာမာန်ပြည်သူတွေအကျိုးရရှိမယ့်အရာတွေ အများကြီးဆောင်ရွက်ပေးခဲ့တယ်၊ ဒါကြောင့် သူ့ကိုပြည်သူတွေ ချစ်ခင်ကြတယ်လေ။ ဒါ့အပြင် သူကချောမောပြီးနူးညံ့သိမ်မွေ့တယ်လို့ ပြောကြတယ်။ သူက ယွီမြို့နဲ့တောင်ပိုင်းမြို့တော်တစ်ခုလုံးမှ မိန်းကလေးတွေ နှစ်သက်လေးစားကြရတဲ့အကောင်းဆုံးချစ်သူတဲ့။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now