အပိုင်း (၂၇)

1.5K 180 4
                                    

အပိုင်း (၂၇)

ဟွေရွှယ်က သူမကို အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့တယ်။ အဲ့ဒီအခန်းထဲမှာ လူ၃ယောက်အတူတူ အိပ်နေကြတာ။ အခန်းအပြင်အဆင်ကလည်း အတော့်ကိုရိုးရှင်းလွန်း၏။ သူမနေထိုင်ခဲ့တဲ့စစ်ချင်းအခန်းထက်စာရင် အတော်လေးကို ဆိုးဝါးလွန်းတာ။ သို့သော် အမှန်တကယ်တော့ သူမ အရမ်းကိုကျေနပ်နေခဲ့တာ။ အိပ်ရာပေါ်မှာ သူမရဲ့စောင်ပါးလေးကိုတင်လိုက်တယ်။ သူမ ပြန်လှည့်ကြည့်လိုက်တော့ ဟွေရွှယ်တစ်ယောက် တံခါးဝမှာရပ်နေဆဲမှန်း တွေ့လိုက်ရတော့သည်။

“ကြည့်ပါဦး မင်းက သိပ်ကိုတော်တဲ့လူတစ်ယောက်ပါ ဒါပေမဲ့ မင်း ဘာကြောင့်အရမ်းကိုခေါင်းမာပြီးတော့ အရှင့်သားကို အမြဲဆန့်ကျင်နေရတာလဲ? ဒီနေရာက အရှင့်သားရဲ့ချင်အိမ်တော်မှာလုပ်ရတဲ့အလုပ်တွေနဲ့ တစ်စက်လေးမှ မယှဉ်နိုင်ဘူး ဒီနေရာမှာ မင်း ခက်ခဲကြမ်းတမ်းတွေကြုံတွေ့ရလောက်တယ် တကယ်လို့ ပြဿနာတစ်ခုခုနဲ့ကြုံရင် မင်း တစ်ယောက်ယောက်ကိုလွှတ်ပြီး ငါ့ကိုအကြောင်းကြားခိုင်းလိုက် တကယ်လို့ ငါတတ်နိုင်ရင် မင်းကိုကူညီပေးမယ်!” ဟွေရွှယ်စကားပြောတာပြီးစီးသွားတာနဲ့ သူမ လှည့်ပြီးထွက်သွားတော့သည်။

“လူသစ် မင်း ဘာလို့အလုပ်စမလုပ်သေးတာလဲ!” ခြံဝန်းထဲမှတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာသည်။

ဟွားကျူ့ယွီ ကြားတာနဲ့ မတ်တပ်ထရပ်ပြီး အဝတ်အစားတွေလျှော်ဖို့ ခြံဝန်းထဲ လမ်းလျှောက်သွားလိုက်တယ်။ တကယ်တော့ ဟွားကျူ့ယွီဟာ အရင်ကတည်းက ခက်ခဲကြမ်းတမ်းမှုတွေကြုံတွေ့ဖူးတာမို့ အလုပ်ကြမ်းတွေကြောင့် စိတ်ထိခိုက်ခံစားနေမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဝတ်တွေကို တစ်ညလုံး မနက်ရောက်တဲ့အထိ လျှော်ရလိမ့်မယ်လို့ သူမ ထင်မထားမိခဲ့ဘူး။ သူမ အခန်းထဲမှာ ကောင်းကောင်းတောင်အနားမယူရသေးဘူး၊ အလုပ်သစ်တစ်ခုက ရောက်လို့လာပြီ။

အဝတ်တွေကိုနေ့ရောညပါ လျှော်ဖွတ်ရတဲ့အလုပ်က တကယ့်ကို ပင်ပန်းဆင်းရဲကြီးလွန်း၏။ အလုပ်က ဘယ်လောက်ပဲပင်ပန်းပါစေ လူတွေကိုတော့ အိပ်စက်အနားယူဖို့ခွင့်ပြုသင့်တယ်လေ။ သို့သော်ငြားလည်း သူမ ပင်ပန်းနေတာတောင်မှပဲ ဟွားကျူ့ယွီတစ်ယောက် ဒီအလုပ်က ရှောင်ယင့်ကိုခစားရတာထက် ပိုကောင်းတယ်လို့ ခံစားနေမိ၏။ ဒါ့အပြင် သူမ ထွက်ပြေးလွတ်မြောက်ဖို့လည်း အစီစဉ်ချထားပြီးပြီ။ လာမည့်ရက်ပိုင်းမှာ ရှောင်ယင်၏နို့ထိန်း ပိုင်မာ့ဖုရန်၏မွေးနေ့ပွဲ ကျရောက်လာတော့မယ်လို့ တစ်ခြားခဝါသည်တွေဆီကနေ သူမ ကြားမိခဲ့တယ်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now