အပိုင်း (၃၃)

1.4K 169 3
                                    


အခန်း (၃၃)

လျန်ပြည်နယ်မှာ ငွေရောင်မျက်နှာဖုံးနှင့်အာဆူးရာ၏နာမည်ဟာ လူသိများကျော်ကြားလေ၏။ သူက စစ်မြေပြင်မှာ သူရဲကောင်းတစ်ယောက်ဖြစ်ရုံတင်မကဘူး၊ ချောမောလှပတဲ့လူငယ်လေးတစ်ယောက်လည်းဖြစ်သည်။ သူ့ရဲ့သေဆုံးမှုက ပြည်နယ်အတွင်း ပြင်းထန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပြီး အမျိုးသမီးငယ်လေးတွေရဲ့ အသည်းနှလုံးတွေကိုလည်း ကွဲကြေစေခဲ့တယ်။

ယနေ့ ပြစ်ဒဏ်စီရင်ရာစင်မြင့်ပေါ်မှာ ဟွားကျူ့ယွီ၏ရုတ်တရက်ထွက်ပေါ်လာမှုက ဆူပွက်နေတဲ့ရေထဲ ထင်းမီးထပ်ထည့်သလိုမျိုးနှင့်တူလှ၏၊ အခြေအနေတွေက ပို၍တောင် ဗရမ်းဗတာဖြစ်လာခဲ့ပြီ။ လူအများဟာ ရှေ့သို့တွန်းထိုးရင်း ဟစ်အော်လာကြသည်။ စင်မြင့်ပေါ်ကသူက ငွေရောင်မျက်နှာဖုံးနှင့်အာဆူးရာအစစ်လားဆိုတာ သိချင်ကြတာကြောင့်ပဲဖြစ်သည်။

ဟွားကျူ့ယွီ ရပ်တန့်မနေခဲ့ဘူး။ သူမ ဟွားမုရဲ့ရှေ့တည့်တည့်မှာဆင်းသက်ပြီး သူမရဲ့ဓါးတစ်ချက်အလှုပ်မှာ ကြောင်အနေဆဲဖြစ်တဲ့ကွပ်မျက်သူ၏လက်ဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ချွန်ထက်တဲ့ဓါးဟာ ကြိုးတွေကို ခုတ်ဖြတ်သွားတယ်။ ဟွားကျူ့ယွီ ဟွားမုကို ဆွဲမပြီး နံပါတ်၁ဖင်ဆီသို့ လွှဲပေးလိုက်တယ်။

အဖြစ်အပျက်တစ်ခုလုံးက မိုးကြိုးသွားကဲ့သို့မြန်ဆန်လွန်း၏။

ပြစ်မှုရေးရာဌာနမှအမတ်တွေ ကျယ်လောင်စွာ ဟစ်အော်လာကြသည်၊ “သူတို့ကို မြန်မြန်လိုက်ဖမ်း! သူတို့ကို မြန်မြန်လိုက်ဖမ်းကြ!”

ဟွားကျူ့ယွီ နောက်ပြန်လှည့်ကြည့်လိုက်တော့ အရှုပ်အထွေးတွေကြားထဲမှာ ကျီဖုန့်လီတစ်ယောက် ထိုင်ခုံမှာပဲ တည်ငြိမ်အေးချမ်းစွာ ထိုင်နေတာကို တွေ့လိုက်ရသည်။ အံ့အားသင့်သွားတဲ့ပုံမျိုးနဲ့မတူသလို၊ ဒေါသထွက်နေတဲ့ပုံမျိုးလည်းမဟုတ်ဘဲ တကယ်တော့ သူ့ရဲ့နှုတ်ခမ်းသားလေးတွေက အပြုံးလေးတစ်ခုသဖွယ် ကွေးတက်လို့တောင်နေသေးသည်။ ညဉ့်သန်းခေါင်မှာ ထွန်းလင်းတောက်ပနေတဲ့အေးတိအေးစက်လမင်းကြီးနဲ့ တူလှ၏။ လေတွေဘယ်လောက်ပဲတိုက်ခတ်တိုက်ခတ် သူကတော့ လှုပ်ရှားသွားမှာမဟုတ်ဘူး။ ဒီလိုအပြုအမူလေးက ဟွားကျူ့ယွီအား စစ်မြေပြင်မှာတွေ့ခဲ့ဖူးတဲ့နေ့က သူ့ရဲ့ဟန်ပန်အနေအထားလေးကို သွားအမှတ်ရစေ၏။ ဒီအရှုပ်အထွေးကိုဖြစ်စေတဲ့သူက သူကိုယ်တိုင်ပဲဆိုတာသိသာလှပေမဲ့ သူကတော့ အေးအေးဆေးဆေး ထိုင်လို့နေဆဲပဲ။ ဒါကြောင့် ဟွားကျူ့ယွီ မနေနိုင်တော့ဘဲ ဒေါသတွေလိမ့်ထွက်လာတော့သည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now