အပိုင်း (၅၆) အခွဲ-၅

1.4K 113 2
                                    

အပိုင်း (၅၆) အခွဲ-၅

ဟွမ်ဖူဝူရွှမ်း၏မျက်လုံးတွေဟာ ဝှေ့ပြီး ကျားကစားခုံပေါ်စိုက်ကြည့်လာခဲ့သည်။

ကုန်းဖန်၏ကျားစေ့ဖြူလေးတွေက ရှုံးတော့မှာသေချာနေပြီဖြစ်တဲ့ကျားစေ့နက်လေးတွေကို ပိတ်ဆို့ထားတာမို့ ဒီကျားစေ့နက်လေးတွေ ဘယ်လိုနိုင်မှာလဲဆိုတာ သူ တကယ်ပဲ နားမလည်နိုင်တော့ဘူး။ သေချာပေါက်ပဲ၊ ကုန်းဖန်လည်း ယွမ်ပေါင်အပေါ်အထင်သေးရင်း နှုတ်ခမ်းသားလေးတွေကို တွန့်လိမ်ကာ သူမ ဘယ်လိုရှုံးနိုင်မှာလဲဟု နားမလည်နိုင်ခဲ့ဘူး။ ထို့နောက် ယွမ်ပေါင်တစ်ယောက် ကျားစေ့နက်လေးတစ်စေ့ကို တည်ငြိမ်စွာကောက်ယူပြီး ကျားခုံပေါ်သို့ ညင်သာစွာချကာ ကျားခုံပေါ်က တစ်ခြားကျားစေ့နက်လေးတွေနဲ့ စက်ဝိုင်းသဏ္ဍာန်ချိတ်ဆက်မှု ဖြစ်ပေါ်သွားပြီး ကျားစေ့ဖြူလေးတွေကို အသေအချာပိတ်ဆို့ထားမှန်း သိလိုက်ရတော့သည်။

အနိုင်ရဖို့က လက်တစ်ကမ်းမှာပဲလို့ သူမ တွေးထားခဲ့မိတာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမ ဒီကုန်းကုန်းငယ်လေးကို ရှုံးသွားခဲ့တယ်။ ရှုက်ကိုးရှုက်ကန်းဖြင့် သူမ ပြုံးပြပြီး ပြောလိုက်တယ်၊ "အရှင့်သား၊ ကုန်းဖန် ရှုံးသွားပြီမို့ အပြစ်ဒဏ်ခံယူပါ့မယ်"

ဒီကုန်းကုန်းငယ်လေးရဲ့အရည်အချင်းက အတော်လေးမြင့်မှန်း သူမ သေချာသိသွားခဲ့တယ်။ သူ ပညာကုန် ထုတ်မသုံးခဲ့တာသေချာတယ်၊ သာမာန်မျှကစားရုံလေးနဲ့ သူ သူမကို လွယ်လင့်တကူအနိုင်ရခဲ့တယ်။

ဟွမ်ဖူဝူရွှမ်း ဟွားကျူ့ယွီကို အကြည့်သစ်တစ်မျိုးနဲ့ လှမ်းကြည့်လိုက်တယ်၊ ကြည့်ရတာ ယွမ်ပေါင်မှာလည်း အရည်အချင်းတစ်ချို့ ရှိနေတဲ့ပုံပဲ။

ဟွမ်ဖူဝူရွှမ်း ထထိုင်ရမှာ အပျင်းကြီးပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်တယ်၊ "ကုန်းဖန်၊ မင်း ပြန်တော့၊ ဒီနေ့ မင်းကို အပြစ်မပေးတော့ဘူး"

သူ စကားပြောတာပြီးစီးသွားတာနဲ့ ဟွမ်ဖူဝူရွှမ်း၏မျက်လုံးနက်တွေက ဟွားကျူ့ယွီကို ငေးစိုက်ကြည့်လေသည်။

ကြည့်စင်၏အပြင်ဘက်မှ ပန်းရနံ့လေးတွေ မျောလွင့်လို့လာရင်း ကြည့်စင်အတွင်းမှာထိုင်နေတဲ့လူ၌ တောက်ပတဲ့မျက်နှာ၊ ကြီးကျယ်ခမ်းနားတဲ့သွင်ပြင်တွေ ရှိနေပြီး နှုတ်ခမ်းသားတစ်စုံကကွေးတက်ကာ အပြုံးလေး ဖြစ်ထွန်းသွား၏။ ထိုပုံစံက ပထမဆုံးနှင်းကျတဲ့မြင်ကွင်းကဲ့သို့ မှင်သက်အံ့အားသင့်ဖွယ်ကောင်းလှသည်။ ထိုအချိန်အခိုက်အတန့်၌ သူ့ရဲ့ရှေ့မှာရှိနေတဲ့သူက မိန်းမတစ်ယောက်ဟုတ်မဟုတ် သူ သံသယဝင်လုနီးပါး ဖြစ်သွားခဲ့တယ်။ သူကိုယ်တိုင် သင်းကွပ်ဖို့အမိန့်ပေးခဲ့တာကြောင့် မဟုတ်ဘူးဆိုရင် ထိုသူက မိန်းကလေးတစ်ယောက် ဖြစ်နိုင်တယ်လို့ သူ တကယ်ပဲတွေးမိခဲ့မှာ။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now