အပိုင်း (၁၇)

1.7K 211 0
                                    

အပိုင်း (၁၇) {မင်းသမီး မြင်းစီးတဲ့ပုံအတိုင်းလေးမို့ ထည့်ပေးလိုက်တာပါ}

နေမင်းကြီးဟာ တဖြည်းဖြည်းချင်း ဝင်စပြုလို့လာပြီ။ ဟွားကျူ့ယွီတစ်ယောက် စစ်ပွဲကို ရပ်ကြည့်မိနေရင်း ဆောင်းဦးရေလှိုင်းတွေနဲ့တူလှတဲ့ သူမရဲ့မျက်ဝန်းတစ်စုံက တစ်ခါတစ်ရံစူးရှလို့လာပြီး တစ်ခါတစ်ရံတော့ စိုးရိမ်ပူပန်မှု အငွေ့အသက်တွေနဲ့ ညှိမှိုင်းလာကာ တစ်ခါတစ်ရံ ကြည်လင်တောက်ပလို့နေပြီး တစ်ခါတစ်ရံတော့ မြူခိုးတွေလို အုံ့ဆိုင်းနေပြန်၏။ သူမ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောင့်ကြမှုတွေကို ချုပ်တည်းထားလို့ရနိုင်ပေမဲ့ ချွေးစေးတွေပျံလို့နေဆဲ။

ထိုစိုးရိမ်ပူပန်မှုမျိုးက ကူကယ်ရာမဲ့ရာမှဖြစ်ပေါ်လာတဲ့စိုးရိမ်ပူပန်မှုမျိုး ဖြစ်ပြီး သူမကို မွန်းကြပ်အောင်လုပ်လို့နေ၏။ ကျင်းစဲ့သေသွားတုန်းက သူမ ကြည့်ပဲကြည့်နေနိုင်တဲ့အချိန်တုန်းကနဲ့ တစ်ပုံစံတည်းပဲ။ 

မြောက်ပိုင်းနဲ့တောင်ပိုင်းတို့ရဲ့စစ်သည်တွေဟာ အစပိုင်းမှာတော့ အရမ်းကိုအပြင်းအထန်တိုက်ခိုက်လို့လာကြပြီး အချိန်ကြာလာတာနှင့်အမျှ တောင်ပိုင်းမြို့တော်၏စစ်သည်တွေဟာ တဖြည်းဖြည်းချင်း ရှုံးနိမ့်မှုလက္ခဏာတွေ ပြလို့လာကြသည်။ အနောက်နယ်စပ်မှ မြောက်ပိုင်းနယ်စပ်ဆီသို့ချီတက်လာခဲ့ကြပြီးနောက် သူတို့တွေ မောပန်းနေကြပြီမှာ အံ့သြစရာမဟုတ်ပေ။ တစ်ခြားတစ်ဘက်မှာတော့ မြောက်ပိုင်းရဲ့စစ်သည်တွေက စောင့်ရုံပဲစောင့်နေခဲ့ကြတာ။ ဒါကြောင့်လည်း ရှောင်ယင်က စတင်တိုက်ခိုက်မယ့်တိုက်စစ်နည်းဗျူဟာကို ငြင်းပယ်ခဲ့တာပေ့ါ။ အခု တောင်ပိုင်းစစ်သည်တွေလိုအပ်နေတာကတော့ သူတို့ရဲ့စိတ်ဓာတ်ကိုထကြွလာအောင် နှိုးဆွပေးရန်ဖြစ်သည်။ ဒီစစ်ပွဲမှာ သူတို့ မြောက်ပိုင်းမြို့တော်ကို မရှုံးမှရမယ်! မဟုတ်ရင် သူတို့ရဲ့စိတ်ဓာတ်တွေ ကျဆင်းသွားလိမ့်မယ်!

“လျှိုယွင် အရှင့်သားက မင်းကို ‘ဖွဲ့စည်းပုံခြေဖျက်ခြင်း’တေးသွား တီးခတ်ပေးဖို့ပြောထားတာမလား? မင်း ဘာလို့မတီးသေးတာလဲ?” ဟွေရွှယ်တစ်ယောက် သူမကို အေးတိအေးစက် ပြောလာခဲ့တယ်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now