အပိုင်း (၂)

3.7K 289 1
                                    

အပိုင်း (၂)

ဖယောင်းတိုင်တွေရဲ့မီးအလင်းရောင်က အရောင်ဆိုးထားတဲ့သူမရဲ့လက်သည်းတွေပေါ်မှာ ရောင်ပြန်ဟပ်လျက်ရှိ၏။ လက်သည်းအရောင်တွေက မီးရောင်ကြောင့် ပို၍တောက်ပလာကြပြီး သူမ သေးငယ်လှတဲ့ဝိုင်ခွက်ကိုတောင် မကိုင်ထားနိုင်တော့ပါလားဆိုပြီး သူမရဲ့လက်ကို ရယ်မောလှောင်ပြောင်နေသယောင် ဖြစ်နေပုံပဲ။

သူမ အဆိပ်မိသွားတာလား? အကြောပျော့အဆိပ်မှုန့်လား? ဒါမှမဟုတ် အဲ့ထက်ပိုပြင်းတဲ့အဆိပ်လား?

ခုနတုန်းကပဲ သူမရဲ့စိတ်နှလုံးထဲမှာ ထိုဝိုင်ဟာ သူမ,သောက်ဖူးသမျှတွေထက် ပိုပြီးချိုမြိန်တယ်၊ နူးညံ့ပျော့ပြောင်းတယ်၊ နှစ်သက်ဖွယ်မွှေးရနံ့တွေနဲ့ ပြည့်ဝတယ်၊ သတို့သမီးတစ်ယောက် သောက်သင့်တဲ့ ဝိုင်အမျိုးအစားလို့ ချီးကျူးနေခဲ့မိတာ။ အဲ့ဒါက တကယ်တော့ အဆိပ်ဝိုင်တစ်ခွက်ဖြစ်မယ်မှန်း သူမ တစ်ခါမှ တွေးမထားမိခဲ့ဘူး။

သူမ ပေကျင်းကို လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လာခဲ့တာ၊ ရက်အတော်အများလည်း လေလွင့်နေခဲ့မိတာမို့ သူမရဲ့နိုးကြားတက်ကြွမှုအသိစိတ်က ဒီအခြေအနေထိ ပျက်စီးယို့ယွင်းသွားပြီပေါ့။ မင်္ဂလာဦးညမှာ အဆိပ်ဝိုင်တစ်ခွက်သောက်ရလိမ့်မယ်လို့ ဘယ်သတို့သမီးကများ တွေးမိဦးမှာလဲ?

ကျီဖုန့်လီလည်း အဆိပ်မိသွားသေးလားဆိုပြီး သူမ သူ့ကို တစ်ချက်ကြည့်ချင်မိသွားတယ်။ သူမရဲ့ဦးခေါင်းပေါ်က မန်ဒရင်းဘဲပုံချည်ထိုးထားတဲ့ သတို့သမီးပုဝါစလေးကြောင့် ပုဝါစအနီရောင်လေးမှလွဲပြီး တစ်ခြားဘာတစ်ခုကိုမှ သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ထိုအချိန်မှာ ပါးလွှာလှတဲ့ သတို့သမီးပုဝါစလေးကို မတင်ဖို့တောင် သူမ မစွမ်းဆောင်နိုင်ခဲ့ဘူး။ သူမရဲ့အားအင်တွေအကုန်လုံး ခန္ဓာကိုယ်ထဲကနေ ဆုတ်ယုတ်ထွက်သွားသလိုမျိုး သူမ အိပ်ရာထဲကနေ မထနိုင်တော့ဘဲ မြေပြင်ပေါ်သို့သာ ဖြည်းဖြည်းချင်း ပျော့ခွေကျသွားတော့သည်။

တကယ်လို့ အရင်တုန်းကသာဆိုရင် ဘယ်လောက်ပြင်းတဲ့အဆိပ်ဖြစ်ပါလိမ့်စေ အဆိပ်ဝိုင် တစ်ခွက်စာလောက်က သူမကို ဒီလိုမျိုးအလွယ်တကူ အလဲထိုးနိုင်မှာမဟုတ်ပါဘူး။ အခုတော့ သူမက အတွင်းအားမရှိတဲ့သာမာန်လူမျိုးနှင့် မထူးမခြားဖြစ်လို့နေသည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now