အပိုင်း (၅၆) အခွဲ-၂

1.1K 103 0
                                    

အပိုင်း (၅၆) အခွဲ-၂

သူက တကယ်ပဲ ဟွမ်ဖူဝူရွှမ်းသာဆိုရင် အကျဉ်းထောင်ဆိုတဲ့စကားကိုသုံးနှုန်းတာက ကြွားဝါပြောဆိုတာမျိုး မဟုတ်ဘူး။ ကြည့်ရတာ ဒီအိမ်ရှေ့စံမင်းသားက သူ့ရဲ့ခမည်းတော်လိုပဲ၊ မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကို လိုက်သတ်နေတာ။

သူ့ရဲ့ခမည်းတော်က သူမရဲ့မိသားစုကို ဖျက်ဆီးပစ်ခဲ့တယ်၊ သူကတော့ ပထမဆုံးတွေ့တဲ့အချိန်မှာတင် သူမကို အကျဉ်းထောင်ထဲထည့်ပစ်ချင်ခဲ့တယ်။ သူမတို့ဟွားမိသားစုက ဟွမ်ဖူမိသားစုကို အရင်ဘဝတုန်းက အကြွေးတင်ခဲ့လို့များလား?

ဟွားကျူ့ယွီ တောင်ပိုင်းမြို့တော်ဆီ ပြန်လာတဲ့အချိန်တုန်းက အစပိုင်းမှာတော့ စုံစမ်းစစ်ဆေးဖို့အတွက် နန်းတော်ဆီဝင်ဖို့ ကြံစည်ထားခဲ့တာ။ အဲ့မတိုင်ခင်အချိန်လေးမှာ သူမ ဒီလူငယ်လေးနဲ့ တွေ့ရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားမိခဲ့ဘူး။

သူက ဟွမ်ဖူဝူရွှမ်းဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ၊ သူမ ဒီကိစ္စကို တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းရမယ်။ တကယ်လို့ သူက တကယ်ပဲ ဟွမ်ဖူဝူရွှမ်းသာဆိုရင် သူမ,နန်းတော်ထဲဝင်ဖို့သော့ချက်တစ်ခု ဖြစ်လာလောက်တယ်။

“အကျဉ်းထောင် အာ၊ ဒီနိမ့်ကျတဲ့ကျွန်တော်မျိုးက အဲ့ဒီဆီ တစ်ခါမှမရောက်ဖူးဘူး၊ ကျွန်တော့်ရဲ့အတွေးတွေ ကျယ်ပြန့်ဖို့ ဒီမတိုင်ခင်အချိန်တည်းက ကျွန်တော် အဲ့ဒီဆီကိုအမြဲသွားချင်နေခဲ့တာ၊ ကျွန်တော့်ကို ဒီအခွင့်ရေး ပေးသနားတဲ့အတွက် သခင်လေးကိုကျေးဇူးတင်ပါတယ်” ဟွားကျူ့ယွီ အေးအေးလူလူ ပြုံးရင်း တည်ငြိမ်စွာ ပြောဆိုလိုက်တယ်။

ဟွားကျူ့ယွီ၏ပြုမူမှုက လူငယ်လေးကို ဒေါသထွက်သွားစေတာမို့ သူ လက်မြှောက်ပြီး ဆိုလာ၏၊ “စောင့်ဦး! မင်းတို့အားလုံး ထွက်သွားကြ၊ ငါကိုယ်တိုင် ဒီလူကို စာရင်းရှင်းချင်တယ်”

ခေါင်းဆောင်အရာရှိက ထိတ်လန့်လို့နေတုန်းပဲ။ သူ ဒီလူငယ်လေးကို ဒေါသမထွက်စေရဲတာ အမှန်ပဲပေါ့၊ ဒါပေမဲ့ အဖြူရောင်ဝတ်ရုံနဲ့ လူကြီးလူကောင်း၏အဝတ်အစားတွေက ကြမ်းတမ်းပြီး ဗြောင်ရှင်းဖြစ်နေပေမဲ့ သူ့ရဲ့ကြီးကျယ်ခမ်းနားပြီး နန်းဆန်တဲ့အငွေ့အသက်ကို ဖုံးဖိမထားနိုင်ခဲ့ဘူး။ သူ(ဟွားကျူ့ယွီ)ကလည်း တော်ဝင်မိသားစုထဲမှ ဆင်းသက်လာတာဖြစ်ဖို့့များသည်။ အခုချိန်မှာ လူငယ်လေးက ဒီကိစ္စကို သူကိုယ်တိုင် စာရင်းရှင်းချင်တယ်ပြောလာတော့ သေချာပေါက် သူ ငြင်းဆန်စရာအကြောင်းမရှိဘူး။ သူ လျင်လျင်မြန်မြန် ဂါဝရပြုပြီး စစ်သည်အုပ်စုကို ခေါ်ဆောင်သွားတော့သည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now