အပိုင်း (၃၂)

1.4K 191 0
                                    

အပိုင်း (၃၂)

ဟွားကျူ့ယွီ၏လက်ရှိတည်နေရာကတော့ ‘နွေဦးခြံဝန်း’လက်ဖက်ရည်ဆိုင်၏တတိယထပ် အခန်းတစ်ခန်းထဲ၌ ဖြစ်သည်။ နံပါတ်၁ဖင်ဟာ ဒီအခန်းကို တစ်ခြားတစ်ယောက်ဆီမှ ပြန်ဝယ်ထားတာဖြစ်သည်။ လက်ရှိမှာ သူမ လက်ဖက်ရည်ဆိုင်ထဲရောက်နေသော်ငြားလည်း လက်ဖက်ရည်သောက်ဖို့အချိန်တော့မရှိခဲ့ဘူး။ ပြတင်းပေါက်ပေါ် ခန္ဓာကိုယ်လေးမှီရင်း အောက်သို့ငုံ့ကြည့်နေမိ၏။

အောက်ဘက်၌ လူတွေပြည့်လို့နေပြီ- အပျော်လာကြည့်ကြတဲ့သူတွေပေါ့။

ပြစ်ဒဏ်စီရင်ရာစင်မြင့်ကတော့ အခုထိရှင်းလင်းလို့နေဆဲ။

စောင့်စားနေစဉ်အတွင်းမှာ ဟွားကျူ့ယွီတစ်ယောက် သူမရဲ့အတွင်းအား ပြန်ကောင်းနေပြီဆိုတာ သေချာစေဖို့ အတွင်းအားကိုခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကြက်ကြည့်လိုက်သည်။ အောက်ဘက်မှလူအုပ်ဟာ ရုတ်ချည်း ကျွတ်ကျွတ်ညံသွား၏။ ဟွားကျူ့ယွီ အတွင်းအားကိုလျင်မြန်စွာ ရုတ်သိမ်းလိုက်တယ်။ ပြစ်ဒဏ်စီရင်ရာ စင်မြင့်ရဲ့ရှေ့မှာ စစ်သည်နှစ်ယောက် လမ်းရှင်းလို့နေပြီ။ သူတို့နှစ်ယောက်လုံးဟာ အနက်ရောင်ဝတ်ရုံနဲ့ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားတာမို့- မြို့တော်က စစ်သည်တွေပဲဖြစ်သည်။

လာရောက်ကြည့်ရှုကြတဲ့လူအုပ်ကြီး နောက်ဆုတ်သွားပြီးသိပ်မကြာခင်မှာပဲ ဟွားအိမ်တော်ရဲ့စစ်သူကြီးတွေကို ဆွဲထုတ်လာကြပြီ။ ရင်းနှီးကျွမ်းဝင်နေတဲ့ ဒီလူတွေအားလုံးဟာ စစ်ပွဲမှာမဟာမိတ်တွေ ဖြစ်ရုံတင်မကဘူး၊ တိုင်းပြည်ကိုကာကွယ်ဖို့ရည်ရွယ်ချက်အတွက်နဲ့- ရန်သူတွေကိုလည်း အတူတူသတ်ခဲ့ကြတယ်။ သို့သော် ယနေ့မှာတော့ သူတို့ဟာ ပြစ်ဒဏ်စီရင်မယ့်စင်မြင့်ပေါ်မှာ မကြာခင်ကွပ်မျက်ခံရမယ့် သစ္စာဖောက်တွေဖြစ်လာကြပြီ။ နောက်ဆုံးဆွဲထုတ်လာတဲ့သူကတော့ ဖင်ရှီးမြို့၏စစ်သူကြီးချုပ်ဟွားမုပဲဖြစ်သည်။ အမြဲတစေ အရပ်ရှည်ရှည်နဲ့ သူ့ရဲ့တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ကြီးဟာ အတော်လေးပိန်ပါးလို့နေသည်။ သူ ဝတ်ဆင်ထားတဲ့ အဖြူရောင်အကျဉ်းသားဝတ်စုံကလည်း အတော်လေးရိုးရှင်းပုံပေါ်၏။ သူ့ရဲ့မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီး ရှိလို့နေသည်။ သူ့ရဲ့မျက်နှာကြီးဖောင်းကားနေတာက အဲ့ဒီဒဏ်ရာတွေကြောင့်ယောင်ကားနေတာပဲ ဖြစ်လောက်တယ်။ ဟွားကျူ့ယွီ အသေးစိပ်မကြည့်မိဘူးဆိုရင် သူ့ကိုတောင် မမှတ်နိုင်လောက်ဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now