အပိုင်း (၃၈)

1.5K 167 2
                                    

အပိုင်း (၃၈)

ဒီခံစားချက်ကြီးက ရှောင်ယင့်ကို မခံထိမခံသာအောင်လုပ်လို့နေ၏။ တကယ်တော့ သူ ဒီအမျိုးသမီးနဲ့ တွေ့ဆုံမိကတည်းက တစ်ခါမှ သက်တောင့်သက်သာမနေခဲ့ရဖူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ပျက်သွားသွား အကြောင်းပြချက်တစ်ချို့ကြောင့် သူ သူမကိုတစ်စက်လေးမှ စိတ်ဆိုးလို့မရဘူး။

“မင်းမှာ ဘာအစီစဉ်ကောင်းရှိလဲ? မင်းရဲ့အကြံဉာဏ်ကိုမျှဝေကြည့်ပါလား” သူ အိပ်ရာပေါ်မှီရင်း ပြောလေသည်။ ဖြူဖျော့နေတဲ့သူ့ရဲ့မျက်နှာပေါ်မှာ တဲအိမ်အပြင်ဘက်ကအမှောင်ညဉ့်ကောင်းကင်ယံကဲ့သို့ ခန့်မှန်းမရနိုင်တဲ့ အပြုံးရိပ်လေးတစ်ခု ရှိနေခဲ့သည်။

ဟွားကျူ့ယွီ မျက်လုံးတစ်စုံကိုပင့်မပြီး သူ့ရဲ့အေးစက်တဲ့မျက်ဝန်းတွေထဲ စိုက်ကြည့်ကာ တည်ငြိမ်စွာဆိုလိုက်၏၊ “အစီစဉ်ကောင်းရယ်လို့လည်းမဟုတ်ပါဘူး အဓိကက လူ့စိတ်ကိုတိုက်ခိုက်တာပဲလေ!”

သူမတို့ဒီကိုလာတဲ့လမ်းမှာ ဟွားကျူ့ယွီ ဟွေရွှယ်ဆီကနေ မျိုးနွယ်စုကြီး၃ခုအကြောင်း ကြားသိခဲ့ရသည်။ ရာချီတဲ့စစ်ပွဲတွေကနေ အထိခိုက်မရှိဘဲ ပြန်လာနိုင်ဖို့အတွက် မိမိရဲ့ရန်သူ့အကြောင်းသိဖို့လိုအပ်သလို မိမိကိုယ်မိမိအကြောင်းကိုလည်း သိဖို့လိုအပ်လေသည်။ အခုလက်ရှိအခြေအနေက သူမ,နားလည်ထားတဲ့ အခြေခံသဘောအရဆိုရင် အရေးကြီးတဲ့အခြေအနေတော့မဟုတ်သေးဘူး၊ သို့သော်ငြားလည်း ရန်သူကိုအနိုင်တိုက်ဖို့က လုံလောက်တာထက်တောင် ပိုနေသေးတယ်။

တဲအိမ်ရဲ့အပြင်ဘက်၌ မြောက်လေအကြီးအကျယ်တိုက်ခတ်လို့နေပြီး တဲအိမ်အတွင်းမှာ ‘ဟူးဟူး’အသံတွေ ဆူညံနေတော့သည်။ လရောင်က နှင်းတောပေါ်မှာ ရောင်ပြန်ဟပ်ကာတောက်ပလို့နေပြီး လက်ရှိမှာစခန်းချနေကြတဲ့ စစ်သည်အုပ်စုပေါ်မှာ သူ့ရဲ့အလင်းတန်းလေးတွေကို ဖြန့်ကြဲလျက်ရှိသည်။ သိုးသားတဲအိမ်အတွင်း၌ ဖယောင်းတိုင်ဟာ တစ်စက်ပြီးတစ်စက်အရည်ပျော်ရင်း ထွန်းလင်းလျက်ရှိကာ ဖယောင်းတိုင်ရဲ့အမွှေးရနံ့လေး လေထုထဲသို့ ပျံ့လွင့်လာတော့သည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now