အပိုင်း (၁၈)

1.6K 220 1
                                    

အပိုင်း (၁၈)

မိဘမဲ့စစ်တပ်ဟာလည်း သူမတို့ရဲ့နေရာဆီ ချီတက်လာပြီဖြစ်ကာ ရှောင်ယင်၏စစ်သည်တွေနဲ့ မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။ နံပါတ်၁ဖင်ကတော့ သူ့ဆီချီတက်လာတဲ့စစ်သည်တွေကိုရှောင်ရှားကာ မြင်းပေါ်မှခုန်ဆင်းပြီး လဲကျနေတဲ့ဟွားကျူ့ယွီကို ဆွဲခေါ်၍ မြင်းပေါ်သို့ တစ်ဖန်ပြန်တက်လေသည်။

ရှောင်ယင်တစ်ယောက် မြင်းပေါ်၌ပဲရပ်ကာ လိုက်မလာခဲ့ဘူး။ သူ့ရဲ့ချောမောလှတဲ့မျက်နှာမှာ စိမ်းကားရက်စက်မှုနဲ့ အေးစက်မှုရေခဲတွေ ဖုံးလွှမ်းနေဟန်တူ၏။ သူ့ရဲ့လက်တစ်ဖက်ကိုပဲ အသာအယာလှုပ်လာပေမဲ့ ဟွားကျူ့ယွီ၏ ပုခုံးသားလေးကတော့ ကြီးစွာသောနာကျင်မှုကို ခံစားလိုက်ရသည်။

သူမ မျက်မှောင်ကြုတ်ကာကြည့်ရင်း မျက်နှာပေါ်မှအမူအယာဟာ အံ့အားသင့်တဲ့ပုံအဖြစ် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ရွှေရောင်မြား၏အမွှေးအတောင်များပေါ်မှာ အဖြူရောင်ပိုးချည်မျှင်လေးတစ်မျှင် ရှိလို့နေ၏။ လရောင်ရဲ့အောက်မှာ ထိုပိုးချည်မျှင်လေးဟာ ဖျော့တော့တဲ့အလင်းရောင်ကို ထုတ်လွှတ်နေဟန်တူ၏။ ထိုပိုးချည်မျှင်လေးရဲ့တစ်ခြားတစ်ဖက်ကိုတော့ ရှောင်ယင်၏လက်ချောင်းများနှင့် ပတ်ထားလျက်ရှိသည်။

ငါးမျှားချိတ်မြား! ရှောင်ယင် သူမဆီပစ်လိုက်တဲ့မြားက ငါးမျှားချိတ်မြားတစ်ချောင်းပဲ။

ဒီမတိုင်ခင်တုန်းက သူမ မြောက်ပိုင်းမြို့တော်မှာ ငါးမျှားချိတ်မြားလို့ခေါ်ဆိုကြတဲ့ မြားအမျိုးအစားတစ်မျိုးရှိကြောင်း ကြားသိဖူး၏။ မြားထိပ်မှာ ငါးမျှားချိတ်လေးတစ်ခု ပါရှိတယ်။ ထိုမြားနဲ့အပစ်ခံလိုက်ရတာနဲ့ မြားကို ချက်ချင်း ဆွဲထုတ်လို့မရတော့ဘူး၊ ချွန်ထက်တဲ့လက်နက်တွေကိုအသုံးပြုမှသာ အရေပြားအောက်ကထိုမြားကို တူးထုတ်နိုင်လိမ့်မယ်။ ထိုမြားက ဇီဝိန်ခြွေဖို့အတွက် အသုံးပြုတာလည်းဖြစ်သည်။ မြားရဲ့အမွှေးအတောင်တွေနဲ့ တိုက်ခိုက်သူရဲ့လက်ချောင်းဟာ ပိုးချည်မျှင်လေးနဲ့ချိတ်ဆက်လျက်ရှိပြီး ဖြတ်တောက်ပစ်ဖို့အတော့်ကိုခက်ခဲလှ၏။ သာမာန်လက်နက်တွေက ထိုပိုးချည်မျှင်ကို မဖြတ်တောက်နိုင်ကြဘူး။ ဒါကြောင့် အပစ်ခံလိုက်ရတာနဲ့ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now