အပိုင်း (၅၆) အခွဲ-၄

1K 99 2
                                    

အပိုင်း (၅၆) အခွဲ-၄

"အရှင့်သား တစ်ခြားနန်းတော်တွေရဲ့ပြစ်ဒဏ်ပေးမှုတွေနဲ့ယှဉ်ရင် ဒီဟာက အတော်လေးလျော့ပေါ့နေတယ်ဆိုတာ အမှန်ပဲပေါ့၊ ကျွန်တော်မျိုး ဘာကြောင့်ပြုံးနေတာလဲဆိုတော့ ပြုံးခြင်းကပဲ ကျွန်တော်မျိုးကို အနည်းငယ်သက်သာသလို ခံစားရစေတာမို့ပါ" ဟွားကျူ့ယွီ တည်ငြိမ်စွာဖြေဆိုလိုက်တယ်။

သူမကိုယ်သူမ ကျွန်တော်မျိုးလို့ ပြောဆိုပြီး အသံနှုန်းက အရမ်းကိုနိမ့်ကျနေသော်ငြားလည်း သူမ၏နှုတ်ခမ်းသားတွေဆီမှ ထိုစကားလုံးတွေဟာ အရမ်းကိုသက်တောင့်သက်သာရှိပြီး လွယ်ကူချောမွေ့နေပုံပေါ်၏။

ဟွမ်ဖူဝူရွှမ်း အနည်းငယ်တုန်လှုပ်သွားပြီး ဒီလိုနှိုင်းတုမဲ့ယောက်ျားတစ်ယောက်ကို သူ ဖျက်စီးမိသွားပြီလို့ တွေးတောရင်း အတော်လေးရှက်စရာကောင်းတယ်လို့ ခံစားနေရ၏။

"ငါကိုယ်တော်က မင်းကို သုံးစားမရအောင် ပြောင်းလဲပစ်လိုက်တာဆိုတော့ မင်း တကယ်ပဲ ငါကိုယ်တော့်ကို မုန်းတီးပြီး သတ်ပစ်ချင်နေတာ မဟုတ်ဘူးလား?" သူ မျက်မှောင်ကြုတ်ပြီး မေးမိ၏။

"ကျွန်တော်မျိုး မဝံ့ရဲပါဘူး!" ဟွားကျူ့ယွီ ခေါင်းမော့ပြီး ပွင့်လင်းစွာပြောကြားလိုက်သည်၊ "ကျွန်တော်မျိုးက အဖေမရှိ၊ အမေမရှိနဲ့ သိုင်းလောကထဲက သာမာန်လူတစ်ယောက်ပါ ဒီကမ္ဘာကြီးက ကြီးမားကျယ်ပြန့်ပေမဲ့ ကျွန်တော့်အတွက် နေစရာမရှိပါဘူး၊ အရှင့်သားကြောင့်သာမဟုတ်ရင် ကျွန်တော်မျိုး စားဝတ်နေရေးအတွက် ထေသီရန်ဆီ ဆက်သွားနေရဦးမယ်၊ ဒီနေ့ ကျွန်တော်မျိုး အရှင့်သားနဲ့တွေ့ဆုံပြီး နန်းတွင်းထဲဝင်ရောက်နိုင်ခဲ့တာက ရှေးဘိုးဘေး၃ဆက်ရဲ့ စစ်မှန်သောချီးမြှင့်မှုပဲဖြစ်တယ်၊ အရှင့်သားရဲ့နံဘေးမှာ ကျွန်တော်မျိုး နေထိုင်ခွင့်ရတာက ဘုရားသခင်ရဲ့အလိုတော်ပါပဲ၊ ကျွန်တော်မျိုးမှာ ကောင်းမှုကုသိုလ်ကြီးတစ်ခုမှမရှိပေမဲ့ အရည်အချင်းတစ်ချို့တော့ ရှိနေပါသေးတယ်၊ အရှင့်သားကိုကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်မျိုး နာကျင်ခံစားရရင်တောင်မှ ထိုက်တန်ပေလိမ့်မယ်"

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now