အပိုင်း (၅၆) အခွဲ-၁

1.2K 114 1
                                    

အပိုင်း (၅၆) အခွဲ-၁

သူတို့တွေက ဒီလူငယ်ရဲ့နောက်လိုက်တွေ ဒါမှမဟုတ် သူ့ရဲ့သက်တော်စောင့်တွေဖြစ်ကြမှာ သေချာပေါက်ပဲ။ သူတို့ရဲ့လှုပ်ရှားမှုတွေက သွက်လက်ဖျတ်လတ်ပြီး သူတို့ရဲ့အကြည့်တွေက စူးရှကာ၊ တစ်ချက်တည်းကြည့်ရုံမျှနှင့် ကျွမ်းကျင်သူတွေမှန်း ပြောနိုင်လေသည်။

“ဒီကသခင်လေး၊ နိမ့်ကျလှတဲ့ကျွန်တော်မျိုးက သခင်လေးကို ဘာများပြစ်မှားမိခဲ့လဲ မသိပါဘူး၊ ကျွန်တော်မျိုးတီးတဲ့ သီချင်းက သခင်လေးအကြိုက်မဟုတ်လို့များလား? ဒါဆိုရင် သခင်လေးအကြိုက် တစ်ခြားသီချင်းတစ်ပုဒ် ပြောင်းတီးပေးပါ့မယ်” ဟွားကျူ့ယွီ မျက်နှာပေါ်မှာအပြုံးဆင်မြန်းရင်း ယဉ်ကျေးတဲ့အသံဖြင့်ဆိုလိုက်တယ်။ ဒီလူငယ်လေးကို သူမ ယခင်ကတစ်ခါမှမတွေ့ဖူးတာ သေချာနေတာမို့ သူမ,တီးခတ်လိုက်တဲ့သီချင်းကြောင့် သူ့ကို ရန်စမိသွားတာဖြစ်ဖို့များတယ်။

သူမ မြို့တော်ဆီရောက်ခါစပဲရှိသေးတာ၊ မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်စေချင်တာကြောင့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သူတစ်ယောက်အပေါ် မဆန့်ကျင်ချင်ဘူး။

လူငယ်၏အနက်ရောင်မျက်လုံးတစ်စုံက သူမကို စူးစိုက်ကြည့်ရင်း သူ့ရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အသွင် ဖြစ်ပေါ်လာတယ်။ သူ လက်ကိုဝင့်ပြီး ခါးကြားကဓါးအိမ်ပေါ် တင်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်ပြီး သရော်ပြုံးပြုံးကာ အေးတိအေးစက်ပြန်ပြောလာ၏၊ “မင်း ငါ့ကို မပြစ်မှားခဲ့ဘူး၊ မင်း ဒီနေရာမှာ ချင်မတီးသင့်ဘူးလို့ပဲ ငါပြောခဲ့တာ”

စကားပြောရင်း သူ့ရဲ့ညာဖက်လက်က ဓါးကို အားကောင်းမောင်းသန်ဆွဲထုတ်လိုက်တယ်။

သူ့ရဲ့ပုံစံကိုကြည့်ရတာ၊ သူ တကယ်ပဲ ဟွားကျူ့ယွီကို တိုက်ခိုက်ချင်တဲ့ပုံပေါ်နေခဲ့သည်။

ဟွားကျူ့ယွီ သူ ဓါးဆွဲထုတ်လိုက်တာကိုမြင်တော့ မျက်မှောင်ကြုတ်မိသွား၏။ အမှားအမှန်တောင်မသိဘဲ ဒီလိုမျိုးအထက်စီးဆန်ပြီး ဆင်ခြင်တုံတရားမရှိတဲ့သူမျိုး သူမ တစ်ခါမှ မတွေ့ဖူးဘူး။ သူမ လျန်ကျိုးမှာတုန်းကသာ ဒီလိုစိတ်ကြီးဝင်နေတဲ့သူမျိုးနဲ့ ဆုံခဲ့မယ်ဆိုရင် သူမ သူ့ကို သင်ခန်းစာပေးပြီးဖြစ်လောက်တယ်။ သူမ သူ့ကို သင်ခန်းစာပေးလိုက်ရင် သူ့အမေရင်းကတောင်မှ သူ့ကို မှတ်မိတော့မှာမဟုတ်ဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now