7.9K 544 64
                                    




" သူနဲ့ ဝေးဝေးနေ ၊ ဖြစ်နိုင်ရင် အကြည့်ချင်းတောင်မဆုံစေနဲ့ ... မင်းသူ့ကို သဘောကျမိသွားတဲ့အချိန် .... နောက် တစ်စက္ကန့်ကြာရင် သူ့ထောင်ချောက်ထဲ မင်းဝင်သွားပြီ "

" တစ်ပတ် ၊ တစ်ပတ်အတွင်း သူက မင်းမှမင်း ရူးခါနေအောင် ချစ်ပြလိမ့်မယ် ၊ အင်း တစ်ပတ်ပြည့်သွားရင်တော့ မင်းအလှည့် ... ရူးခါနေအောင် ခံစားရလိမ့်မယ် "

" အိုင်တီမေဂျာက စီနီယာဆောင်ဟွန်းကို ယောင်လို့တောင် အနားမကပ်မိစေနဲ့ ၊ သူက ရေခဲထက်ပိုအေးစက်ပြီး မီးထက်ပိုအန္တရာယ်များတယ် "




နည်းပညာ တက္ကသိုလ်က ကျောင်းသူတွေအကုန်လုံးက ဆောင်ဟွန်းကို ဒီလိုပဲသတ်မှတ်ကြသည် ။  ပတ်ဆောင်ဟွန်းဆိုလျှင် မိန်းကလေးတွေသာမက ယောကျ်ားလေးတွေပါ စိတ်ဝင်တစားရှိကြသည် မဟုတ်လား ။

ဒီလောက် ဆိုးရွာတဲ့သတင်းတွေကြားပြီးတာတောင် ပတ်ဆောင်ဟွန်းအနားက လုံးဝမခွာတဲ့ ကောင်မလေးတွေကလည်း ဒုနဲ့ဒေး ။ အတည်တကျမတွဲတတ်တဲ့ ဆောင်ဟွန်းအကျင့်ကို သိသိကြီးနဲ့တောင် သူတို့ကပဲ အတင်းလာရောပြီး အချစ်ခံချင်ကြသည် ။ ဆောင်ဟွန်းက အချိန်တန်ငြီးငွေ့ပြီး ထားခဲ့ရင်တော့ သူတို့က ပြန်ပြောကြသေးသည် ။




" ပတ်ဆောင်ဟွန်းက နှလုံးသားကို မရှိဘူး " တဲ့ ။



ဒါတွေအားလုံးက ဆောင်ဟွန်းအပြစ်လည်းမဟုတ်။
တကယ်လို့ မရှိရှိတဲ့အပြစ်ကို ရှာပါဆိုလျှင် ဆောင်ဟွန်းဆီမှာ လူတိုင်းကြွေချင်စရာ နတ်ဘုရားဆန်ဆန် ရုပ်ရည်ပိုင်ဆိုင်ထားတာကိုပဲ လက်ညှိုးထိုးရတော့မည် ။










🎗️




"ရှင်းဂျိတ်ခ်တို့ကတော့ အချိန်ကိုမှန်နေတာပဲ "

အနောက်ခုံမှာထိုင်နေတဲ့ Reno က မထိတထိ စ သည် ။
ဂျိတ်ခ်က မသိချင်ယောင်ဆောင်ရင်း ဘာမှပြန်လှည့်မပြောတော့ ။ စာအုပ်တွေကို အစီအရီထည့်ပြီးနောက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည် ။ ပြီးမှ သူ့ရဲ့ထုံးစံအတိုင်း မျက်မှန်ဝိုင်းလေးကို လက်ညှိုးနဲ့ ပင့်တင်ရင်း

𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now