[FINAL 1] ♡

3.2K 438 103
                                    






နေရောင်ခြည်ကို အပြည့်အဝရတဲ့ ပန်းလေးလိုမျိုး ။
မုဆိုးလက်ကနေ လွတ်မြောက်လာတဲ့ ယုန်သူငယ်လိုမျိုး။အကြာကြီးနေမှ မိဘအိမ်ပြန်လာခွင့်ရတဲ့ ကျောင်းသားလိုမျိူး ။


အခုအခြေအနေက ဂျယ်ယွန်းအတွက် ရေမွန်းနေရာကနေ ပြန်အသက်ရှုခွင့်ရတဲ့ အခိုက်အတန့်လိုပင် ။

ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်နေရတာက ပိုတန်ဖိုးရှိမှန်း အခုမှ သိလာရသည် ။
မိုးလင်းမိုးချုပ် ကိုယ့်ဘာသာကိုယ် အလိုလိုက်ကာ စိတ်တိုင်းကျနေထိုင်တဲ့ နေ့ရက်တွေကို သဘောကျတတ်လာပြီ ။






ဩစီကို မပြောမဆိုနဲ့ ရုတ်တရက်ပြန်လာတော့ တစ်မိသားစုလုံးက အံ့ဩသွားပုံရသည် ။ ကျောင်းစာတွေနဲ့ ပင်ပန်းလို့ ဆိုတဲ့ အကြောင်းပြချက်ကို ယုံလား မယုံလား မသိပေမယ့် ငယ်ငယ်တုန်းက သူ့နာနီရဲ့ ရွာကိုချက်ချင်းထွက်လာတော့လည်း သူ့အိမ်က ခေါင်းငြိမ့်သည် ။

အခုတော့လည်း အရာအားလုံးနဲ့ အဆက်အသွယ်ဖြတ်လိုက်ချင်တဲ့ သူ့ရဲ့ ဆန္ဒကပြည့်သွားသည် ။













Bemm မြစ်တစ်လျှောက်ကို ဖြတ်သန်းလာတဲ့ လေက အေးစက်တာထက်ကိုပိုနေသည် ။ Bemm မြစ်ဘေးတစ်လျှောက်က သာမန်ရွာလေးတစ်ခုမှာ ပုန်းကွယ်ပြီးနေနေတာ သုံးလတောင်ပြည့်တော့မည် ။ အခုတော့ ဆိုးလ်မြို့မှာ ဖြစ်ခဲ့သမျှအရာအားလုံးက ဝေဝါးနေပြီ ။ ရက်ဆက် နာကျင်ခဲ့ရတဲ့ နှလုံးသားကလည်း အနားရ၍ အနည်ထိုင်နေပြီ ။


" ယွန်းနီး အပြင်မှာအကြာကြီးမနေနဲ့ အအေးပတ်မယ်"



သူတည်းခိုနေတဲ့ အိမ်ရှင် အဖွားရဲ့ အသံစာစာလေးက အနောက်ကထွက်လာသည် ။ သူ ခေါင်းငြိမ့်ပြပြီး ဟုတ် အဖွားလို့ ပြန်ပြောလိုက်ပေမယ့် တော်တော်နဲ့ အိမ်ထဲမဝင်ဖြစ်သေး ။

ရေနဲ့နီးတာမို့ ရေလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြတဲ့ ဒီရွာလေးက ထင်ထားတာထက် ပိုအေးချမ်းသည် ။အထူးသဖြင့် သူ့လို ပူလောင်မှူတွေကြားက ရုန်းထွက်ချင်တဲ့သူအတွက် ။








𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now