ပုံမှန်ကြားနေကျ Alarm သံနဲ့ မဟုတ်ပဲ ဒီနေ့တော့ ထူးထူးခြားခြား လန့်နိုးလာသည် ။ ညအိပ်ဝတ်စုံနဲ့ မဟုတ်ပဲ အပြင်ဝတ်စုံ ဝတ်ထားတာကို သတိထားမိမှ ညကအကြောင်းအရာတွေကိုပြန်သတိရသည် ။" shit ငါကားပေါ်မှာ အိပ်ပျော်သွားတာလား "
တကယ်ကို ကားပေါ်မှာ နောက်ဆုံးအိပ်ပျော်သွားတာကလွဲကျန်တဲ့ကိစ္စတွေကို ပိစိလေးတောင်မမှတ်မိ ။ စောင်ကို ကိုယ်ပေါ်က ဖယ်ချပြီး အခန်းပြင်ကိုပြေးထွက်ရသည် ။
ပတ်ဆောင်ဟွန်း ၊ ပတ်ဆောင်ဟွန်း ဘယ်မှာလဲ ။
ဧည့်ခန်း ကိုထွက်ကြည့်လိုက်တော့ ဘယ်သူမှမရှိ ။ တံခါးကလည်း ပိတ်ထားသေးသည် ။
ကျောင်းကိုထွက်သွားပြီနဲ့တူတယ် ။
ဂျယ်ယွန်းထင်တာ မှန်သွားသည် ။ မီးဖိုချောင်ဘက် ရောက်တော့ သူ့ကို စောင့်ကြိုနေတဲ့ toast နဲ့ coffee တစ်ခွက် ။
ကိုယ်မနက်ပိုင်း အတန်းချိန်ရှိလို့စောစောသွားလိုက်ပြီ ။ မနက်စာပြင်ပေးထားတယ် သေချာစားနော် ။ မင်း နေ့ခင်းမှ အတန်းချိန်စမှာမလား အိပ်ရေးမဝသေးရင် ပြန်အိပ်လိုက်
ဆောင်ဟွန်း <3
ပန်းနုရောင်အောက်ခံ စာရွက်ပိုင်းစလေးကို toast ဘေးနားက ပန်းကန်ပေါ်မှာ တွေ့လိုက်ရသည် ။ heart emoji အပြင် ခွေးပေါက်လေး အီမိုဂျီပုံကိုပါ ဆွဲထားပေးသေးသည် ။
ဂျယ်ယွန်းပျော်လွန်း၍ ထခုန်မိသည်အထိ ။ ခန္ဓာကိုယ်ကို နှစ်ပတ် သုံးပတ်လောက် လေပေါ်မှာ လှည့်လိုက်ပြီး ရေးထားတဲ့စာကို နောက်တစ်ခေါက်ပြန်ဖတ်သည် ။ ထပ်ခါထပ်ခါ ဖတ်လွန်း၍ အလွတ်တောင်ရတော့မယ့် အထိ ။မသိရင်ဆောင်ဟွန်းက သူ့နားဘေးနားကို လေသံနဲ့ တိုးတိုးလေး လာပြောနေသလို ခံစားရသည် ။
နာရီကိုကြည့်လိုက်တော့ ၉ နာရီတောင်မထိုးသေး ။ အရင်အတိုင်းဆို ပြန်အိပ်ဦးမှာဆိုပေမယ့် အခုတော့ရင်တွေခုန်ပြီး အိပ်မပျော်တော့ ။ ရေမြန်မြန်ချိူးပြီး သူပြင်ပေးသွားတဲ့ မနက်စာ စားဖို့ပြင်ရသည် ။