2.7K 425 49
                                    







" ပေး ဆောင်ဟွန်း ငါအထဲသယ်သွားလိုက်မယ် "

ဆောင်ဟွန်းက သူ့ရဲ့ဖိနပ်ကို ခက်ခက်ခဲခဲ ချွတ်နေတုန်း ဂျိတ်ခ်က လက်ထဲကအထုပ်တွေကို အလိုက်တသိဆွဲယူလိုက်သည် ။ တစ်လမ်းလုံး ဒီအထုပ်ကြီးတွေသယ်ထားတာမို့ နီရဲနေတဲ့ ဆောင်ဟွန်းရဲ့ လက်တွေကိုမြင်ရတဲ့အခါ စိတ်ပူသွားရပြန်သည် ။

ခေါက်ဆွဲခြောက်ထုပ်တွေကို အနောက်မှာ ပစ်ထားခဲ့ပြီး ပြန်ထွက်လာတော့ ဧည့်ခန်းထဲမှာ ဟိုကြည့်ဒီကြည့်နဲ့ ကြောင်အအဖြစ်နေတဲ့ ဆောင်ဟွန်း ။ ဂျိတ်ခ်က ဆေးလိမ်းပေးဖို့ အနားကိုတိုးသွားရင်း

" ဆောင်ဟွန်း .. ဟီး တကယ်ကျေးဇူးတင်လိုက်တာ မင်းသာရောက်မလာရင် ငါဒီအချိန်တောင်ရောက်လာမှာမဟုတ်ဘူး ညစာအမှီတောင်ပြန်ရောက်ပါ့မလား မသိ ကျေး- "

DAMN ..!

ဘေးနားက ဆိုဖာပေါ်ပစ်လှဲခံလိုက်ရတဲ့ သူခန္ဓာကိုယ်က စက္ကန့်ဝက်လောက်ပဲကြာသည် ။ နောက် စက္ကန့်ဝက်ကတော့ သူ့ကိုတရှိုက်မက်မက် နမ်းနေတဲ့ ဆောင်ဟွန်း ။
ဦးနှောက်က ဘာမှအလုပ်မလုပ်နိုင်တုန်း သူ့နှုတ်ခမ်းတွေကတော့ အလိုလိုလှုပ်ရှားနေပြီ ။ ဆောင်ဟွန်းရဲ့ ဦးဆောင်မှုနောက် အသာတကြည်လိုက်နေရင်းမှ အခုအခြေအနေကို ဆန်းစစ်နိုင်သည် ။

ပတ်ဆောင်ဟွန်းက သူ့ကို နမ်းနေတာ ..?


ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားနေတဲ့ ဆောင်ဟွန်းရဲ့ လက်တွေက တစ်ဖြည်းဖြည်း သူ့ခါးအောက်ကို လာဖက်တွယ်သည် ။ နောက်တစ်ဖက်ကတော့ သူ့ဆံပင်တွေကို ဆွဲဖွနေသည် ။

အရမ်းမောလာတဲ့အဆုံးမှာတော့ ဆောင်ဟွန်းရဲ့လက်မောင်းကို မနာအောင်ထိုးရင်း သတိပေးရသည် ။
သူ အောက်စီဂျင်လိုအပ်နေပြီမို့ ။

နှုတ်ခမ်းတစ်စုံရဲ့ လစ်ဟာမှုကိုခံစားရချိန်မှာတော့ သူအသည်းအသန် အသက်ကိုရှုရသည် ။ သူ့ပုံစံက မီတာ ၁၀၀ ပြေးထားရတဲ့ လူတစ်ယောက်လို ။ သူကသာ တစ်ယောက်တည်း ကမ္ဘာပျက်နေရပေမယ့် ဆောင်ဟွန်းကတော့ အတွေ့အကြုံရင့်တဲ့လူမျိုး ဘယ်လိုမှတောင်မနေ ။

𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now