Park Sunghoon's POV ♡

2.9K 401 176
                                    






❗spoiler ပိစိလေးပါတယ်❗

FEB 16,2012

အဖျားကလုံးဝမကျသေးဘူး ။ ညဘက်တွေ ဆက်တိုက်ယောင်ပြီး လန့်နိုးတယ်လို့ မေမေကပြောတယ်။ မေမေက တအားစိတ်ပူနေတဲ့ပုံပါပဲ ။ သူ့ အိပ်မက်တွေထဲမှာ အီဟီဆွန်းနဲ့ သူ့ကိုလှောင်ရယ်နေတဲ့ အကိုကြီးတွေ အမကြီးတွေက ပေါ်ပေါ်လာတယ် ။

Feb 20 , 2012

ဆေးရုံတက်ရတဲ့ အထိ သူ့အခြေအနေကဆိုးရွားလာတယ် ။ ဖျားတာအပြင် သူ့ရဲ့ စိတ်က ပုံမှန်မဟုတ်ဘူးလို့ ဆရာဝန်တွေက ယူဆတဲ့ပုံပဲ ။ သူဘာမှမဖြစ်ပါဘူး ။ သူ အီဟီဆွန်းနဲ့ သူ့ သူငယ်ချင်းတွေကိုကြောက်ရုံပါပဲ ။

March 13, 2012

သူကျောင်းပြောင်းချင်တယ်လို့ မေမေ့ကိုပူဆာတယ် ။ မေမေက ဒီစာသင်နှစ်ပြီးရင်ပြောင်းပေးမယ်တဲ့ ။ သူက ငြင်းတယ် ။ အတင်းငိုယိုပြီးပူဆာတယ် ။ မေမေကနောက်ဆုံးတော့ လက်လျှော့ပြီး ဆေးရုံက ဆင်းတာနဲ့ ကျောင်းအသစ်ကို ပို့ပေးတယ် ။ သူ့ကိုမခွဲနိုင်တဲ့ ဂျေးကပါ လိုက်ပြောင်းတယ်လေ ။ သူ့အတွက်တော့ ပျော်စရာပါပဲ။

May 2, 2012

အရာအားလုံး အဆင်ပြေတယ် ။ အီဟီဆွန်းကိုလည်း မတွေ့ရဘူးလေ ။ ကျောင်းအသစ်ပေမယ့် သူတို့ကို အနိုင်မကျင့်ခင် ဂျေးနဲ့သူနဲ့က ထိုသူတွေကိုအရင်ဆော်တယ် ။ အခုတော့ ဆောင်ဟွန်းမှာ ကြောက်စရာဘာမှမရှိ ။





Feb 14 ,2013

ဒီနေ့ ထပ်ရောက်လာပြန်ပြီ ။ သူကြောက်နေတယ် ။ ဒါပေမယ့် ကြောက်တဲ့အရာကို ရင်ဆိုင်နိုင်မှ သတ္တိရှိတယ်လို့ ခေါ်တယ်တဲ့ ။ သူ ကျောင်း ကိုထွက်လာခဲ့လိုက်တယ်

အရာအားလုံး အဆင်ပြေပြေပြီးလုနီးပါးမှာ သူ့နားကို ချဉ်းကပ်လာတဲ့ ကောင်မလေးတစ်ယောက် ။ မျက်မှန်တပ်ထားပြီး ခပ်ဝဝကောင်မလေးတစ်ယောက် ။ ချောကလက်ဘူးကလည်း လက်ထဲမှာ ။သူ့ Type လည်း မဟုတ်သလို ဘယ်သူ့ Type မှလည်း မဟုတ်လောက်ပါဘူး ။

အဲ့ကောင်မလေးက ပြောတယ် ။ "ဆောင်ဟွန်းကို သဘောကျလို့" တဲ့ ။ ရှက်နေတဲ့ပုံပါပဲ ။ ဆောင်ဟွန်းဘာမှမပြောပဲ ထွက်သွားဖို့လုပ်လိုက်တယ် ။ ဒါပေမယ့် ခဏ ။ မနှစ်က ပုံရိပ်တွေအတွေးထဲပြန်ဝင်လာသည်။ သူအခုငြင်းလိုက်ရင် ကောင်မလေးက မနှစ်ကသူ့လိုခံစားရမှာပေါ့နော် ?



𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now