2.5K 424 118
                                    





" နေ့ခင်းဘက်ဆို လုံခြုံရေးက ထင်ထားတာထက် ပိုတင်းကျပ်တယ် ၊ မင်း ခိုးဝင်ချင်ရင် ညဘက်မှပဲ အဆင်ပြေလိ့မ်မယ် "



ဂျိတ်ခ်မှာက ကျောင်းပြသာနာတွေအပြင် သူကူညီဖြေရှင်းပေးစရာ မိဘမဲ့စင်တာက ကိစ္စရှိသေးသည် ။သူနဲ့ဆိုင်တာတော့မဟုတ်ပေမယ့် ကလေးတွေက သူ့ကလေးတွေမဟုတ်လား ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပေါ်တင်မဟုတ်ပဲ ခိုးကြောင်ခိုးဝှက်နဲ့ ပုံရိပ်အမှန်က ဘာလဲဆိုတာ တစ်ချက်လောက် သွားချောင်းကြည့်ချင်သေးသည် ။

ပြီးတော့ ဒီရက်ပိုင်းကြားရတဲ့ သတင်းတွေက မသက်သာ။အဲ့ စင်တာပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကိုပိုင်ရှင်ကလျော်ကြေးပေးပြီး ရွှေ့ခိုင်းတယ်တဲ့ ။ အတွင်းသတင်းပေမယ့် ဂျိတ်ခ်နားကို ရောက်ဖြစ်အောင်ရောက်လာသေးသည် ။

" ကျေးဇူးပဲ​ သူငယ်ချင်း ၊ စုံစမ်းပေးတာတွေအတွက်"

" ဂျိတ်ခ် မင်းတစ်ယောက်တည်းတော့ သွားလို့မရဘူးနော် ဘာတွေလုပ်မလို့လဲ "

" တစ်ယောက်တည်းတော့ မသွားပါဘူးကွာ ၊ ဒီအတိုင်း ကြိုစုံစမ်းကြည့်ရုံပဲ "

အလယ်တန်းတုန်းက သူငယ်ချင်းကို ရွှီးပြီး အမြန်ဖုန်းချလိုက်ရသည် ။ အမှန်တော့ သူတစ်ယောက်တည်းမသွားလို့ ဘယ်သူ့ကိုသွားခေါ်လို့ရဦးမလဲ ။ဂျောင်ဝန်းနဲ့ နီကီကလည်း ကလေးတွေ ။ ဒီ အရှုပ်ထဲဆွဲခေါ်လို့မဖြစ် ။


အမှန်တော့ နေ့ဘက်ပဲဖြစ်ဖြစ် ၊ ညဘက်ပဲဖြစ်ဖြစ် ထို စင်တာထဲရောက်သွားတာနဲ့ အန္တရာယ်ရှိတယ်ဆိုတာ သူလည်းသိပါသည် ။ ရွေးချယ်စရာမရှိတဲ့ အဆုံးမို့လို့သာ ဒီနည်းလမ်းကို ရွေးလိုက်ရတာ။















ဂျိတ်ခ်က mask ကိုမျက်စိနားထိရောက်အောင် ဆွဲတင်လိုက်သည် ။ ဦးထုပ်ကလည်း ခပ်ငိုက်ငိုက်စောင်းထားတာမို့ အခုနေ အသိတစ်ယောက်ဖြတ်သွားရင်တောင် သူ့ကိုမရိပ်မိလောက်ချေ ။

မှောင်ရိပ်ထဲမှာမို့ သူကိုယ်တိုင်တောင် ဝေဝေဝါးဝါးနဲ့ ။ နဂိုတည်းက ပွင့်နေတဲ့ စင်တာ တံခါးဝကို လူရှိလားမရှိလား ချောင်းရသေးသည် ။ ဘယ်သူမှမရှိတာ သေချာမှ ခပ်တည်တည်နှင့် ဒီစင်တာက အလုပ်သမားလိုလို ဘာလိုလို ဝင်လာလိုက်သည် ။ ခိုးကြောင်ခိုးဝှက်ပုံ ပေါက်နေမှသာ အရိပ်မိခံရမှာမလား ​။ အချိန်ဆွဲမနေတော့ပဲ ဂျယ်ယွန်းက ကလေးတွအဆောင်ဘက်ကို ဦးတည်လိုက်သည် ။



𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now