[FINAL 2] ♡

4.8K 497 102
                                    





"ဆန်းဘေး"


ဒီနေ့လည်း ရောက်လာပြန်ပြီ ။
ဟီဆွန်းက သက်ပြင်းတစ်ချက်ချပြီး ခေါင်းမော့ကြည့်လိုက်တော့ နေရောင်ခြည်လိုမျိုး တောက်ပနေတဲ့အပြုံးနဲ့ သူ့ကိုကြည့်နေတဲ့ ကောင်လေး ။

" ဒီနေ့ရော ဘာလဲ ဆောနူ"

ပါးစပ်နဲ့ပြန်မဖြေပဲ ပန်းနုရောင် စာအိတ်လေးကို ဟီဆွန်းလက်ထဲ အတင်းထိုးပေးသည် ။ ရေမွှေးနံ့သင်းသင်းနဲ့ ထိုစာအိတ်တွေကို ဆောနူဆီက ရတာ ဒါနဲ့ဆို ၇ ကြိမ်မြောက်။ ရည်းစားစာ ပေးတာတောင် ရှက်ကိုးရှက်ကန်းမဟုတ်တဲ့ ဆောနူရဲ့ပုံက ရဲရဲတင်းတင်း။


ဘဝမှာချစ်ခဲ့ရတဲ့ ပထမဆုံးအချစ်ဦးကြောင့် အသည်းတောင် ကောင်းကောင်း မကွဲရသေး ။ ထို နေရောင်ခြည်လို ကောင်လေးက အတင်းတိုးဝင်လာသည် ။ ရုပ်ရှင်တွေထဲကလို ညဘက်တွေ အရက်မူးအောင် သောက် ၊ တစ်ယောက်တည်း အခန်းပိတ်၊ ဖြစ်သလို နေမယ်လို့ တွေးထားတာကို " ဆောင်ဟွန်း သူငယ်ချင်း" ပါလို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး သူ့အိမ်ကို အတင်းခေါ်သွားတဲ့ ဆောနူက တကယ်အထူးအဆန်းလေး ။

တစ်ယောက်တည်း အထီးကျန်ပြီး နေနေရမယ့် နေ့ရက်တွေအစား ဆောနူရဲ့ အိမ်မှာ သူ့မိသားစုနဲ့ နွေးနွေးထွေးထွေး နေခွင့်ရတာကိုတော့ ကျေးဇူးတင်ရမည် ။ သူ့နှလုံးသားက နက်လွန်းတဲ့ ဒဏ်ရာကို ဖြည်းဖြည်းချင်း ဆေးထည့်ပေးပြီး နှလုံးသားတစ်ခုလုံးကို ဆွဲယူသွားဖို့ ဂင်ဆောနူလေးက စီစဉ်ထားပုံပေါ်သည် ။

ငါးလ ဆိုတဲ့ အချိန်က သူ့အတွက် ဂျယ်ယွန်းကို မေ့ပစ်ဖို့ လုံလောက်တဲ့ အချိန်တော့မဟုတ်သေး ။ ဒါပေမယ့် ဂျယ်ယွန်းအကြောင်း မတွေးဖြစ်အောင် သူ့ရှေ့ခဏခဏရောက်လာတဲ့ ကောင်လေးက သူ့အလွမ်းဓာတ်တွေကို ဆွဲယူ သွားသလိုပင် ။


" ညနေကျရင် တော့ပိုကီသွားစားချင်လို့ ၊ လိုက်ခဲ့ပေးပါလား ဆန်းဘေး "

" မင်းဘာသာမင်း သွားပါလား "

" လိုက်ပေးမယ့် ရည်းစားမရှိဘူးလေဗျာ"

" ငါက မင်းရည်းစားမို့လို့လား "

" အခုမဟုတ်တောင် နောက်ဖြစ်လာတော့မှာပဲ ဟဲဟဲ"


𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now