2.5K 410 92
                                    





ဒီနေ့ တစ်နေ့လုံး သူ ဆောင်ဟွန်းကိုမတွေ့ရ ။


" ညက ဒိတ်ဘယ်လိုနေလဲ" ဆိုတဲ့ ဂျောင်ဝန်းဆီက message တွေကို သူ mute ထားရသည် ။
ဒီနေ့အတွက် နောက်ဆုံးအတန်းဆီသို့ သွားရာလမ်းသည် ပျင်းရိဖွယ်ကောင်းနေသည် ။ လေးလံနေတဲ့ခြေလှမ်းတွေကို မနည်းသယ်နေရတာကြောင့် နဂိုထက် ပိုပင်ပန်းနေရသည်။


ဟီဆွန်းနီးဟျောင်း 💙
ဖုန်းတော့ကိုင်ကွာ ... ကိုယ်တကယ်စိတ်ပူလို့ရူးတော့မယ်



တင်ခနဲမြည်လာတဲ့ message သံနောက်မှာ ဟီဆွန်းဟျောင်းရဲ့ မက်ဆေ့ချ်ကိုတွေ့လိုက်ရသည် ။ ညကတည်းက ဆက်တိုက်ခေါ်နေတဲ့ ဟျောင်းရဲ့ missed calls တွေက အနည်းဆုံး ၅၀ ကျော်လောက်ရှိမည် ။
ညကဆက်တိုက်ငိုနေ၍ ဖုန်းကိုမကိုင်ရဲ ။
ဆောင်ဟွန်းနဲ့ ကိစ္စတွေကိုပြောပြလို့လည်းမဖြစ်တာမို့ ဟီဆွန်းဟျောင်းကို ဘယ်လိုရှောင်ရမလဲ မသိ ။



" ဟယ်လို .. ဟျောင်း "

" ဂျယ်ယွန်း ..? ! ရှင်းဂျယ်ယွန်း မင်းညက တစ်ညလုံးဘယ်ရောက်နေတာလဲ "

" အာ .. ညက စောစောအိပ်ပျော်သွားတာ ၊ မိုးတွေလည်းရွာနေတာနဲ့ အိပ်ပျော်လို့ပျော်သွားမှန်းတောင် မသိလိုက်ဘူး"

" အဲ့တာဆို ဒီနေ့တစ်မနက်လုံး ဖုန်းမကိုင်တာကျတော့ရော"

" ဒီနေ့ အတန်းတွေကဆက်တိုက်ပဲလေ .. ဖုန်းတောင်ဖွင့်မကြည့်ဖြစ်တာနဲ့ - "

" ရှင်းဂျယ်ယွန်း ! ကိုယ်ဘယ်လောက်စိတ်ပူနေရလဲ သိလား ! မင်း တစ်ညလုံးလည်း ဖုန်းမကိုင် တစ်နေ့လုံးလည်း ဖုန်းမကိုင် ၊ မင်းတစ်ခုခုဖြစ်နေပြီထင်လို့ ကိုယ်ဘယ်လောက်ရင်ပူနေရလဲ သိရဲ့လား "

" ဟျောင်း ဟျောင်း ဖြည်းဖြည်း အသက်ရှူဦး ၊ ကျွန်တော်ဒီမှာ ကောင်းကောင်းရှိနေပါတယ်ဆို ကျွန်တော်ကကလေးလည်းမဟုတ်တော့ဘူးလေဗျာ ဟျောင်းကလည်း "

ဟျောင်းဘက်က အသံတိတ်သွားသည် ။
ဂျိတ်ခ်လည်း ဘာစကားဆက်ပြောရမှန်းမသိ ။

" ကိုယ်က မင်းပတ်ဆောင်ဟွန်းနဲ့ အတူတူရှိနေတယ်ထင်သွားတာ"

𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now