2.5K 434 235
                                    






" ဒါကတော့ မင်း မိုက်ရူးရဲဆန်တာပဲ ၊ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်ရှိတာကိုသိရဲ့သားနဲ့ သွားရလား ၊ ပြီးတော့ တစ်ယောက်တည်း ၊ ညဘက်ကြီး ! ရှင်းဂျိတ်ခ် အသိစိတ်လွတ်သွားတာလား "




ညက ကိစ္စတွေအကုန်လုံးကို အစအဆုံးပြောပြ​ဖြစ်တော့ ဆောင်ဟွန်းရဲ့ ပထမဆုံးတုံ့ပြန်မှုက စိတ်ဆိုးမာန်ဆိုးနဲ့ ထအော်ခြင်း ။ သူပြောတာတော့ အများကြီး ​။ " မင်းက ငါးနှစ်သားမို့ မတွေးတတ်တာလား " ဆိုတာလည်းပါသည် ။" အုပ်ထိန်းသူမရှိလို့ ဆိုးချင်တိုင်းဆိုးနေတာလား" တွေလည်းပါသည် ။ တစိတ်လောက် ။ တကယ်တမ်း ဆိုးပြီးပွေနေတာက သူမဟုတ်ဘူးလား ။ ရှင်းမ်ဂျယ်ယွန်းတို့လို ထိပ်တန်းကျောင်းသားကို သူကပဲ တစ်ဖန်ပြန်အုပ်ထိန်းချင်နေသေးသည် ။


" အရင်ဆုံး အဲ့ပြသာနာကိုပဲ အတူတူဖြေရှင်းပေးလို့ပဲ မရဘူးလား ၊ ဒီလိုမျိုး ဆူမနေပဲ "

" ဆူနေတာမဟုတ်ဘူး ဂျိတ်ခ် ကိုယ်ပြောချင်တာ - "

" အား တော်ပါတော့ကွာ ၊ ထပ်ငိုချင်လာပြီ "

ငိုချင်လာပြီဆိုမှ ပြူးပြူးပြာပြာနှင့် ဆောင်ဟွန်းက ပါးစပ်ပိတ်သွားသည် ။ အခန်းကိုလမ်းပတ်လျှောက်နေရာကနေလည်း ဂျိတ်ခ်ဘေးနား ဝင်ထိုင်သည် ။

" ဘာမှ မဖြစ်ခဲ့လို့တော်ပါသေးရဲ့ ၊ တစ်ခုခုများဖြစ်သွားမိရင် ... "


သူ့နားထင်ဘေးနားက ဆံပင်နုနုလေးတွေကို လာသပ်တင်ပေးရင်း ပြောနေတဲ့ ဆောင်ဟွန်းက ခုနကပုံစံနဲ့ တစ်ခြားစီ ။ အစိုးရိမ်လွန်ပြီး ဒေါသထွက်နေတဲ့ ပုံကနေချက်ချင်း နူးညံ့ပျော့ပျောင်းသွားသည် ။

ဂျိတ်ခ်က မနေတတ်စွာ ဆောင်ဟွန်းရဲ့ လက်တွေကနေရုန်းထွက်လိုက်တော့ ဆောင်ဟွန်းဆီက "ဆောရီး" ဆိုတဲ့ အသံကြားရသည် ။ သူ့ကြောင့် ဂျိတ်ခ် ဘယ်လောက်တောင် နာကျင်နေရလဲဆိုတာကို သူမသိတာလား ၊ မသိချင်ယောင်ဆောင်နေတာလား ။ သူက မျက်နှာပြောင်တိုက်စွာ ပြန်လည်အနားတိုးလာမယ်ဆိုရင်တောင် ဂျိတ်ခ်မှာ ခုခံစရာ အားမရှိတာ ရိပ်မိလို့ပဲဖြစ်လိ့မ်မည် ။


𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Donde viven las historias. Descúbrelo ahora