" မင်း တစ်ခုခုဖြစ်နေတာသေချာတယ် "" မဟုတ်ပါဘူးဆိုဗျာ ... ဟျောင်းစိတ်ထင်နေလို့ "
" ရှင်းဂျယ်ယွန်း ... မလိမ်တတ်ပဲနဲ့ မလိမ်စမ်းနဲ့"
" ဟျောင်းလည်း မရစ်တတ်ပဲနဲ့ ရစ်မနေနဲ့ "
ဂျိတ်ခ်က ဟီဆွန်းဟျောင်းကိုဆို အားမနာပါးမနာ ပြောနေကြပဲ ။ စတွေ့တာ သုံးနှစ်လောက်ပဲရှိသေးပေမယ့် ဟျောင်းက သူ့အကြောင်းဆို အူမချေးခါးအကုန်သိသည် ။ အခုလည်းကြည့် ။ Facetime လုပ်နေရင်းနဲ့ကို သူ့မျက်နှာ အခြေအနေကို ခန့်မှန်းနိုင်သည် ။
Stand ပေါ်တင်ထားတဲ့ ဖုန်းဆီကနေ အကြည့်လွှဲလိုက်ပြီး ဂျိတ်ခ်က စာငုံ့ရေးနေလိုက်သည် ။
နိုင်ငံချင်း ကျောင်းချင်း မတူပေမယ့် စာလုပ်နေတဲ့အချိန်တိုင်း ဒီလိုဖုန်းခေါ်ပြီး အတူတူလုပ်ကြမယ်လို့ ဟျောင်းက စတင်အကြံပေးတာဖြစ်တယ် ။" မင်းမပြောလည်း နီကီတို့ ဂျောင်ဝန်းတို့ကို ဖုန်းဆက်မေးရုံပေါ့ "
" အာ - မဖြစ်ဘူး မဖြစ်ဘူး ဟျောင်း"
သူ အသည်းအသန်တားလိုက်ရသည် ။
မတားလို့လည်းမဖြစ် ။ ကိစ္စသေးသေးလေးတွေကို ပုံကြီးချဲ့ပြောတတ်တဲ့နေရာမှာ အဲ့နှစ်ယောက်ကအတော်ဆုံး။အထူးသဖြင့် ဂျိတ်ခ်နဲ့ ပတ်သက်ပြီး ဟျောင်းကို လှမ်းတိုင်တဲ့ အချိန် ။" တွေ့လား ၊ ကြည့် ! မင်းမှာ ကိစ္စတစ်ခုခုရှိနေတာ ကိုယ်သိတယ် "
" ဟျောင်းင်းင်းင်း ဗျာာာာာာာာာ "
လေသံကိုအတတ်နိုင်ဆုံးဆွဲပြီး ချစ်စရာမကောင်းကောင်းတဲ့ပုံစံနဲ့ ချွဲလိုက်ပေမယ့်လည်း မအောင်မြင်ခဲ့။
ဟျောင်းက ဒီတစ်ခါတော့ အလျှော့ပေးမယ့်ပုံမပေါ် ။" ဟျောင်း IT က ပတ်ဆောင်ဟွန်းကို သိတယ်မလား"
" အင်း ဘာဖြစ်လဲ "
ဟျောင်းက ရုပ်ကောအသံပါ ချက်ချင်းတည်သွားတာမို့ ပြောချင်တဲ့စကားတွေ လည်ချောင်းမှာတစ်သွားရသည် ။ဟျောင်းရဲ့ ဒီလိုပုံစံကို သူတကယ်ကြောက်တယ် ။
" သူ-သူနဲ့လေ မထင်မှတ်ပဲတွေ့မိပြီး ကျောင်းကလူတွေကြားမှာ ကောလာဟလ တွေပျံ့နေလို့ "