Chapter(Chapter31)A Breaking Summer

394 26 3
                                    

zawgyi

Gu haiက bai luo yinလက်ကို ဆွဲကိုင်ပြီး
အားလုံးရှေ့ကိုရောက်လာတော့တယ်
သူ့ ဖခင်ကြီးမျက်နှာမှာ တော့
စိုးရိမ်ထိန့်လန့် မူတွေဖုံးလွှမ်းနေပေမယ့်
သူ့ အဖိုးရဲ့ မျက်နှာက တော့ ကြောက်မက်ဖွယ် ချောက်ကမ်းပါးကြီးနဲ့ တူနေရောပဲ

သူ သတိတရနဲ့ သူ့အဖွားကို မျှော်ကြည့်လိုက်တော့
သစ္စာ ဖောက်တစ်ယောက်ရဲ့ နှလုံးသားကို တွေ့ လိုက်ရတယ်
အခု ...အရာအားလုံးကို gu hai ခပ်ရေးရေး သိမြင်သလို ရှိနေပြီ
ဒါကြောင့် bai luo yinလက်ကို ပို ဖျစ်ညစ်လိုက်မိတယ်

ချစ်သူ က ဘယ်လောက်ထိ ကြောက်နေရှာမလဲ
လို့သနားကြင်နာစွာ gu haiတွေးလိုက်မိတယ်
တစ်ချက် တစ်ချက် ဝေ့တိုက်လိုက်တဲ့ လေတွေထဲ
သွေးညှိနံ့ တွေရော ပြွန်း နေသလားပဲ

(မင်း အပြစ်တွေ အများကြီး ကျူး လွန်လိုက်ပြီ
gu hai......
အဲတာ မင်းကိုယ် မင်းရော သိရဲ့လား)

အဖိုး လုပ်သူက ပြောရင်းဆိုရင်း
သူ့ ခါးက ခါးပတ်ကို ဆွဲ ချွတ်လိုက်တယ်

အဖိုးနူတ်က ဒီလိုစကားမျိုး ထွက်ကျလာတာ စစ်ခင်းဖို့
ကြေငြာလိုက်တာပါပဲ

gu wei ting မျက်ဖြူစိုက်နေပြီ

နောက်တော့ အဖိုး က ခါးပတ်ကြိုးကို
လက် နှစ်ဖက်နဲ့ဆွဲဆန့်လိုက်တာ
ဒီအချိန်အတာလေးက
ပတ်ဝန်းကျင်ကို
သွေးပျက်စေတယ်

လေထုဟာ တဖြေးဖြေး အကျည်းတန်လွန်းလာတယ်
နှင်းဆီးပန်းခင်းကြီးလည်းမလှပနိုင်တော့
ချစ်စရာကြောင်လေးတွေကိုလည်း
အရိပ်ယောင် တောင် မမြင်ရတော့

ဒီ အချိန်မှာပဲ gu wei tingက ဖျတ်ခနဲ လူပ်ရှားတော့တယ်
သူ သိပ်ချစ်တဲ့ သား နာကျင်မှာ သူ မမြင်ရက်ဘူး

သူက သူ့ဖခင်ကြီးရှေ့မှာ အမြန် ဒူးထောက် ထိုင်ချလိုက်ပြီး
ဆို့နင့်စွာပြောလာတယ်

(အဖေ ဒီတစ်ခါ ပထမဆုံးနဲ့နောက်ဆုံးအဖြစ် gu haiကို
ခွင့်လွှတ်ပေးလိုက်ပါ
သူက တစ်ခါမှ အမှားမလုပ်ဖူးတဲ့ကလေးပါ
ဒါလေးကိုထောက်ထားပြီး သူ့ကို ခွင့်လွှတ်ပေးပါ)

(ရွှမ်း)

ဆိုတဲ့ အသံနဲ့အတူ ခါးပတ်က လေထဲဝဲပျံသွားတယ်

Addicted...( new  imagination ) book 2Where stories live. Discover now