Chapter (33) Revenging

936 46 27
                                    

အပိုဒ် (၁)  ဝေးပြီးတဲ့နောက်

Bai Luo Yinတစ်ယောက်ကတော့ဖြင့်
Jinanက အိမ်ဟောင်းလေးက စိတ်လက်ပေါ့ပါးနေတော့တယ်
တခြားကြောင့်တော့မဟုတ်ဘူး
ဒီအိမ်က သူတို့အိမ်လေး ပြန်ဖြစ်သွားပြီလေ

အခုတော့ ဘယ်သူမျက်နှာမှ ကြည့်ရန်မလိုတော့
အထူးသဖြင့် သူ့ကိုမုန်းသော
သူက မုန်းသော Gu Haiတို့ မျိုးနွယ်စုနဲ့ 
ကျေးဇူးအကြွေးဖျောက်လို့ရပြီ

အခုတော့ သွေးကြွေးသာ ကျန်တော့တယ်
သူ့ယုံကြည်မူအတွက် သူက နောက်တွန့်နေမှာမဟုတ်သလို
Gu...အိမ်တော်ကလည်း ...
သူတို့အတွက် ဓားသွေးနေမှာ မြေကြီးလက်ခတ်မလွဲပေ ။

စိတ်အစဉ်မှာ အလွမ်းတွေကို နာကြည်းမုန်းတီးခြင်းက
နေ့စဉ်ရက်ဆက်ဝါးမျိုးနေတော့တယ်

ဒါကြောင့် Gu Haiကို ချစ်မြတ်နိုးတဲ့စိတ်ကလေးဟာ
နည်းနည်းလေးမျှ ခေါင်းပြူကြည့်ခွင့်တောင်မရခဲ့
Bai Luo Yinရဲ့အိမ်အိုလေးဟာ Yang meng,  you qiတို့နဲ့ 
အရင်ကအတိုင်းပြန်စည်းကားလာတော့တယ်

ဒါပေမယ့်ဘယ်သူကမှ Gu Hai နာမည်ကို မဖွင့်ဟခဲ့ကြ
gu hai ရှိခဲ့ဖူးတဲ့စာမျက်နှာတွေကို မသိကျိုးကျွန်ပြုထားကြတယ်
အနည်းငယ် အနည်ထိုင်လာတော့ bai han qiက
ထုံးစံအတိုင်း ညနေခင်း တစ်ခုလုံး လူစည်းကားတဲ့ ကားမှတ်တိုင်မှာ
ကန်းစွန်းဥ မီးဖုတ် ပြန်ရောင်းရတာပေါ့

ကံကောင်းတာက သူတို့မြေကွက်လေးရောင်းတဲ့
ငွေအနည်းငယ်ကျန်နေသေးတာပဲ
ဒါလေးနဲ့ အရင်းအနှီးလုပ်ကာ ဝမ်းရေးအတွက် ရုန်းကန်ရပြန်တယ်

bai luo yinကတော့ မနက်ပိုင်းဈေးထဲမှာ
လူငယ် လူကြီးဝတ် ရှပ်အင်္ကျီတွေရောင်းရတယ်
ဒါက သူအရင်းကတည်းက လက်ငုတ်လက်ရင်းလုပ်ငန်းပဲ
gu haiနဲ့အတူ ရောင်းခဲ့ဖူးတဲ့နေတွေကို ပြန်အမှတ်ရစေတယ်
ဒါပေမယ့်
သူ ့အတွက်
ဒီအမှတ်တရတွေက
နွေဦးမှာ ကြွေသွားတဲ့ သစ်ရွက်လေးတွေလိုပဲ
ဘယ်တော့မှ သစ်ပင်အိုကြီးဆီ ပြန်မလာနိုင်တော့  ......

ဒီလိုနဲ့ ဒီနေရာပြန်ရောက်တာ သီတင်းပတ် ၊ လေးပတ်လောက်ကြာလာခဲ့ပြီ
bai luo yin ကမဆုတ်မနစ်ဇွဲ လုံးလနဲ့ မှတ်ညဏ်ထဲက
gu haiကို ဖျောက်ဖျက်ပြစ်ဖို့ ကြိုးစားနေရတာ
အလွန်ပင်ပန်းဆင်းရဲမူကို ဖြစ်ပေါ်စေတယ် ။
အောင်မြင်မူ ရာခိုင်နူန်းကလည်း အားရစရာမရှိခဲ့။

Addicted...( new  imagination ) book 2Where stories live. Discover now