Chapter (16) Falling in love with my love

1.5K 69 316
                                    

ခုတော့
Gu Hai နဲ့ Bai luo Yin ဟာ
ဒီအိမ်အိုကြီးမှာ
အတော်ပျော်နေကြပြီ
ဒီမှာက စိတ်ထဲ
ရှိသလောက် လုပ်နိုင်တာကိုး
bai luo yinဦးလေးကလည်း
ညနေစောင်းမှ
ခြံ တံခါး သူ ဘာသာ
သော့ ဖွင့်ပြီး ပြန်လာတာ
ပြန်လာရင်လည်း အပေါ်ထပ်ကို
တက်ခဲတယ် အောက်ထပ်
ဒါမှမဟုတ် ခြံထဲမှာ
ရွာက သူနဲ့ သက်တူ ရွယ်တူ တွေနဲ့
ညနေမှောင်ရီ တယော ဆို
စကားဝိုင်း ရှိေ နကြ

တခါ တလေ
gu hai အလုပ်သွားလို့ 
အပြန် နောက်ကျရင်တော့
bai luo yinက
အဲ လူ ကြီးတွေ စကားဝိုင်းထဲ
ဝင်နားထောင်ရင်း
gu hai ကို ဆင်းစောင့်တယ်
တနည်းအားဖြင့် 
gu hai သူ့ အခန်းကို
သစ်ပင်တွေကနေ ဖြတ်တဲ့အခါ
သူ့ ဦးလေးတို့တစ်သိုက်မရိပ်မိအောင်
ဒီဘက်မှာ ထိန်းထားတဲ့ သဘောပဲ

သူ့ ဦးလေး ရဲ့ ခွေး A Lang ဟာ
ခုဆို gu hai နဲ့ bai luo yinကို
အရမ်းတွယ်တာနေပြီ.
ညဆို bai luo yin တို့
အခန်းမှာ လာအိပ်တတ်ပြီ .
မတော်တဆ
သူ့ ဦးလေးတက်လာရင်တောင်
အချက်ပေးတတ်နေပြီ
သူ အသက် က တစ် နှစ်ကျော်သာ
ရှိသေးပေ့မယ်
gu hai တို့ ပြော စကား
အကုန်နားလည်တယ်
ခွေးလေးက အယ်ဇေရှင်း နဲ့
တိဘက်က ခွေးမျိုနဲ့စပ်ထားတဲ့
အမျိုးအစား
တကယ်လိမ်မာတဲ့ခွေးလေး

ခွေးချစ်တတ်တာလဲ နှစ်ယောက်စလုံး အတူတူပဲဆိုတော့
ဘာပြသနာမှကိုမရှိ
တခါတခါ Haohao ပါလာတဲ့နေ့ဆို
ပြည့် စုံးခြင်းတွေ ဟာ
တုနိုင်းစရာ မရှိတော့ ဘူး

Gu Hai က မီးဖို ချောင်ထဲမှာ
သူဝယ်လာတဲ့ ဟင်းချက်စရာတွေကို
ချက်နေတုန်းမှာ
သူ့ ကို ကူတာ A lang ပဲ
Gu Hai က
ဟိုဟာ ယူ ပေးဦး
ဒီဟာ ယူပေးဦး
အကုန်ခိုင်းလို့ ရတယ်
ရွာအလယ်က
ကုန်ခြောက်ဆိုင် ကို
စာရေးပြီး ပိုက်ဆံထည့်ပေးကာ
ဆွဲခြင်းတောင်းလေးသာ ပေးလိုက်
ကိုက် ချီ သွားပြီ
ပြန်လာရင်အကုန်ပါလာတယ်

bai luo yin က တော့
haohao နဲ့ ကစားတယ်
A lang ကို gu hai ခိုင်းနေတာ
ရပ်မလားချောင်းတယ်
လစ်ပြီဆိုတာ နဲ့
သူတို့ နဲ့ခေါ်ကစားတယ်
ထမင်းစားရင် လည်း
A lang ကို ပါ ထိုင်ခုံ တစ်လုံးပေးပြီး
တစ်ဝိုင်းတည်းစားကြတယ်....

တကယ့် ပျော်စရာ မိသားစု လေးပဲ
A lang လေးဟာ
အရင်ကဆို
သူ့ သခင် ပြန်အလာကို
တနေ့ လုံး ပူဆွေးစွာ စောင့်နေရတာ

Addicted...( new  imagination ) book 2Where stories live. Discover now