Chapter (19)- Love And Life

1.9K 77 614
                                    

မြေပြင်ပေါ်မှာ ဒူးထောက်ကာ
ငိုကြွေးနေတဲ့ bai luo yinရဲ့
ကြေကွဲသံဟာ
Bai han qiအတွက်တော့
အနိုင်းအဆမဲ့
စိတ်ဆင်းရဲခြင်းကို ဖြစ်ပေါ်စေတယ်

Bai luo yinရဲ့ မျက်နှာ တစ်ခု လုံးဟာ
မျက်ရည်တွေနဲ့ ပြည့်လျှံနေတယ်
မာနမျက်ဝန်းတွေမှာ
သိမ်ငယ်မူတွေနဲ့ ပြည့်နေတယ်.
အင်အားရှိပြီး သန်မာတဲ့
bai luo yinပုံရိပ်ဟာ
ပျေက်ကွယ်နေတယ်

လူတိုင်းကို အနိုင်ကျင့်ချင်တဲ့
ပုံရိပ်လည်းမရှိတော့ဘူး
Bai luo yinလို့
တန်ဆာဆင်ထားတဲ့
အ ဆောင်အယောင်တွေအားလုံးကို
Gu Haiဆိုတဲ့
ပညတ်တစ်ခုက
ဖုန်းလွှမ်းထားတယ်

Bai han qiဟာ
သူ့ သားပုံရိပ်ကိုရှာမရဘူးဖြစ်နေတယ်
Bai luo yin
တစ်ခါ ရိုက်လိုက်တိုင်း တစ်ခါ
သူ့ရင်ထဲက အောင့် တက်သွားတယ်
သူ ဘဝကလည်း
ရှေ့တိုးရအခက်
နောက်ဆုတ်ရအခက်ဖြစ်နေတယ်

စိတ်ထဲကတော့
နောက်နေ့တွေရောက်ရင်
bai luo yin
အဆင်ပြေသွားမှာပါ လို့ တွေးရင်း
သူအားတင်းလိုက်တယ်

ဒါကြောင့် ငိုကြွေးနေတဲ့
သားတော်မောင်ကို
ထွေးပွေ့ထားလိုက်ကာ
bai luo yinရဲ့
ကျောပြင်လေးကို
ပွတ်သတ်ပြီး
နှစ်သိမ့်ပေးနေတယ်

( နောက်တော့
အဆင်ပြေသွားမှာ ပါ
သားရယ် အဖေ ကိုတော့
နားလည်ပေး ပါ
yin zi..)

Bai Luo Yinက
Gu haiဆီကို
တစ်ညလုံး မရပ်မနား
ဖုန်းခေါ်ဆို ခဲ့တယ်
အဲတာက
ဂရင်းနစ်စံချိန်တောင်
တင်သွားနိုင်ခဲ့တယ်
ဒါပေမယ့် gu haiဘက်က
မြူတစ်မုံစာတောင်
တုန့်ပြန်မူမရှိခဲ့ပါ

Bai luo yinဟာ
နေထွက်ချိန်ကို ပင်ပန်းဆင်းရဲကြီးစွာနဲ့
တစ်ညလုံးထိုင်စောင့်နေတယ်
ရင်ထဲမှာလည်းနောင်တ
တရားတွေ က ထုနဲ့ထည်နဲ့
ဘောင်ဘင်ခတ်နေတယ်

ဒီတခါ နေရောင်မြင်ရဖို့ကို
မက်မက်မောမောတောင့်တနေမိတယ်
Bai han qi
အလုပ်သွားတဲ့အသံကြားတော့မှ
bai luo yinစတင်လူပ်ရှားတယ်

ရေချိုးခန်းထဲ ဝင်သွားတော့
သွားတိုက်တံ က
သွားတိုက်ဆေးထည့်ပြီးသားဖြစ်မနေခဲ့ပါ

bai luo yinက သွားတိုက်တံကို
ကိုင်ပြီးတွေဝေနေခဲ့တယ်
ဒီ သွားတိုက်တံကို
သူဆေးမထည့်ဖြစ်ခဲ့တာ
ဘယ်နှစ်လလောက်ရှိနေပြီလဲ

Addicted...( new  imagination ) book 2Where stories live. Discover now